အိမ်ထောင်သည် အမျိုးသားတွေရဲ့ ခေတ်ပေါ်အကွက်ရွှေ့နည်းတခု (အမျိုးသမီးများ သိကိုသိထားသင့်ပါတယ်)

ကိုယ်သိတဲ့ အိမ်ထောင်သည် ယောကျာ်းတချို့ရဲ့ အကွက်ရွှေ့ နည်းတမျိုးပြောပြမယ်။ ဒီနည်းကို ကိုရီးယားကားထဲမှာလဲ မြင်ဖူးတယ်။ အသိ ထဲမှာလဲ သုံးလေးယောက်လောက် သုံးတာတွေ့ဖူးတယ်။ မိန်းမ မသိအောင် နောက်ဖုန်းတစ်လုံးထားတဲ့နည်း။

လူရှေ့ ထုတ်ကိုင်တဲ့ ဖုန်းမှာတော့ မိသားစုပုံ၊ ပရီဝက်ဒင်းပုံ၊ စုံတွဲပုံ၊ မိန်းမ ပုံ ထားမယ်။ Official သုံးတဲ့ ဖဘ၊ ဗိုင်ပါ စသဖြင့် ဆိုရှယ်မီဒီယာတွေ အကုန်ထားမယ်။ ဖုန်းအဝင်အထွက် အလုပ်ကိစ္စတွေ အကုန်ရှင်းရှင်းလင်းလင်း။ အဲလိုပဲ လျှို့ ဝှက်ဖုန်းထဲမှာလဲ လိုက်ပွဲလေးနဲ့ ဝေါပေပါ၊ ဂယ်လာရီထဲမှာ သူနဲ့ ပုံလေးတွေ၊ သူနဲ့ အတူသုံးတဲ့ အကောင့် လေးတွေရှိမယ်။ သူ့ အတွက် သီးသန့် ထားတဲ့ ဆင်းကတ်လေးရှိမယ်။

အိမ်က မိန်းမရဲ့ ဧရိယာပြင်ပ ရောက်တဲ့အခါ သို့မဟုတ် လိုက်ပွဲလေးနဲ့ တူတူရှိတဲ့အခါ၊ ကောင်မလေးရဲ့ အပေါင်းသင်း အသိုင်းဝိုင်းရှေ့မှာဆို အဲ့ဖုန်းကို ထုတ်ကိုင်မယ်။ အိမ်ရောက်ရင်လဲ ဖုန်းပိတ်ထားလိုက်ရုံပဲ။ ဟိုဘက်ကလဲ ဖုန်းပိတ်ထားရင် သဘောပေါက်ပြီ။ ဒီနေရာမှာ တချို့ လိုက်ပွဲတွေက သိသိရက်နဲ့ လုပ်သလို တချို့ ကလဲ မသိလို့ ခံလိုက်ရတာတွေရှိပါတယ်။

အဲ့ လျှို့ ဝှက်ဖုန်းကို ဘယ်နားတွေမှာ ထားတတ်သလဲ။ များသောအားဖြင့် ကားရှိတဲ့လူဆို ကားပေါ်မှာပဲ ဖွက်ထားတတ်ပါတယ်။ သူတို့ ဘတ်ငွေတွေ ဖွက်တဲ့နည်းအတိုင်းပေါ့။ ကားမရှိတဲ့လူဆိုရင်တော့ အိမ်ရဲ့ တနေရာရာမှာ စက်ပိတ်ပြီး ဖွက်ထားတတ်ပါတယ်။ ဒီနည်းကို အိမ်ထောင်သည်တွေ အသုံးများပြီး တချို့ လူပျိုတွေလဲ ရည်းစားမသိ‌အောင် လိုက်ပွဲခိုးထားတဲ့ အခါမျိုးတွေမှာ သုံးတတ်ပါတယ်။

ဒါကြောင့် ကိုယ့် ဘေးမှာ အိပ်နေတဲ့ ယောကျ်ားဖုန်းထဲ ဘာမသင်္ကာစရာမှ မတွေ့ ဘူးဆိုရင်တော့ နောက်ဖုန်းတစ်လုံးက သူ့ ကားပေါ်မှာလား အိမ်ရဲ့ တနေရာရာမှာလား ဒါမှ မဟုတ် ကိုယ် မသိတဲ့ တခြားနေရာ မှာ ရှိနေနိုင်လားဆိုတဲ့ အချက်လေး ထည့် သွင်းစဉ်းစားသင့်ကြောင်း အကြံ ပြုလိုက်ပါရစေနော်။ (Thaw Thaw Hnin Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page