စိတ်ဝင်စားဖွယ် ဘီလူးသိုက်ဘုရားများ အကြောင်းနဲ့ ဘီလူးသိုက်ဆက်တွေရဲ့ စိတ်နေစိတ်ထားများ

ဘီလူးသိုက်ဆက်များသည် တခြားသူများနှင့်ရောနှောနေထိုင်ခြင်းထက် တစ်ဦးတစ်ယောက်တည်း သီးသန့်နေထိုင်ရခြင်းကို နှစ်သက်ကြသည်။

စကားအပြောအဆိုနည်းပြီး ကိစ္စအသေးအမွှေးများကို သည်းခံတတ်ပေမယ့် ဒေါသပေါက်ကွဲသည့်အခါ တစ်စုံတစ်ယောက်ကို သွေးထွက်သံယိုဖြစ်အောင် (သို့) ဒုက္ခရောက်အောင်အထိပြုလုပ်တတ်လေ့ရှိကြသည်။ လျှာစက် အာစက်ပြင်းသူများဖြစ်သည့်အတွက် နှုတ်ထွက်အတိုင်းဖြစ်တတ်သည်။

အ‌သောက်အစားအပျော်အပါးထက် ဘုရားတရားနှင့်မွေ့လျော်တတ်ပြီး မဟာသမယသုတ်၊ အာဋာနာတိယသုတ်တို့ကို အထူးနှစ်သက် ပူဇော်လေ့ရှိကြသည်။ ဘုရားတရားက သက်သက် ဒေါသထွက်ချိန်က သက်သက် တစ်ယောက်တည်းကို နှစ်စိတ်ကွဲထွက်နေသူများဖြစ်သည်(ပျော့ရင်ဖယောင်း မာရင်သံချောင်းဆိုတာ ဘီလူးသိုက်ဆက်များပေါ့)။

ဘီလူးသိုက်ဘုရားများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးပါဦးမည်။ (၁) ဘောသော ဘောကျော် ဘီလူးညီနောင်များရဲ့ မကွေးမြသလွန်ဘုရား (၂) ဟေမာဝတ၊ သုစိလောမ၊ အဠာဝကစသော သောတာပန်နတ်ဘီလူးများရှိသည့် ပကောယှိဘုရား (၃) ဘောကျော်၏ ဇနီး အမတော်ပုဏ္ဏဝတီနှင့်ညီမတော်များ၏ ရွှေလင်မျှော်ဘုရား

(၄) နတ်ဘီလူးညီနောင်များ စောင့်ရှောက်သည့် ကျိုက်ထီးဆောင်းဘုရား (၅) ဘီလူးသိုက်နန်းရှင်များနှင့် အစ်မတော် ဝဏ္ဏသိင်္ဂီတို့ရှိရာ ဆံတော်ရှင်ဘီလူးတစ်ရာဘုရား (၆) ပဲခူးတိုင်း အင်းတကော် ဓမ္မသိုက်စေတီအနီးက နတ်ဘီလူးတစ်ထောင်ဘုရား (၇) သန်လျင်ရေနံချက်စက်ရုံဝင်းက ရန်အောင်မြင်ဘီလူးသိုက်ဘုရား

(၈) ရွှေတိဂုံဘုရားမြောက်ဘက်မုခ်က ဘုရင်မကြီးရှင်စောပုရဲ့ ဘဝ‌ဟောင်းက မယ်တော် ဖြစ်ခဲ့ဖူးသော လောကပါလ ယက္ခမယ်တော်ကြီး (၉) မနူဟာမင်းနှင့် မိဖုရားကြီးတဖြစ်လဲ ယက္ခဘိုးဘိုးကြီးနှင့် ဘွားဘွားကြီး စိုးစံလျက်ရှိသည့် သထုံနေမိန္ဒရတောင်တော်မြတ် (၁၀) မန္တလေးတိုင်းရန်ကင်းတောင်မှာ စောင့်ရှောက်လျက်ရှိသော ရန်ကင်းတောင်ယက္ခမယ်တော်ကြီး (၁၁) စေတော်ဝင် ရွှေပေါ်ကျွန်း သာသနာ့နယ်မြေမှ ဒေဝယက္ခကြီးများ။

နတ်ဘီလူးသိုက်နန်းရှင် ယက္ခသိုက်နန်းရှင်အားလုံးကို အကျွန်ုပ်ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုအစုစုတို့ကို အမျှပေးဝေအပ်ပါသည်။ အားလုံးပဲ အမျှရကြသည် ရှိသော် ယခုထက်ပိုမို၍ အဆင့်မြင့်သထက်မြင့်သော ဘုံဌာနများကို ရောက်ရှိကြပြီး ကာမဇိဒ္ဓိတန်ခိုးများလည်း ပိုမို၍တိုးတက်နိုင်ကြပါစေ။ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို ပိုမို၍ စောင့်ရှောက် ကာကွယ်နိုင်ကြပါစေကုန်သော်။ ဖြိုးမြတ်ဟန် (Mythologist)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page