ဝိုင်ဘီအက်စ်ပေါ်မှာ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ သက်ကြားအို ထောက်လှမ်းရေး

အသက်က သင်္ချိုင်းရောက်ပေမယ့် တဏှာကြီးနေသေးတဲ့ ခရမ်းရောင်အင်္ကျီနဲ့ အဘိုးကြီးအကြောင်း အမျိုးသမီးများ သတိထားရအောင် ကြုံခဲ့ရတာလေးကို တင်ချင်ပါတယ်။

ဒီမနက် ၆၂ ကားပေါ်မှာ မြေနီကုန်း (မှတ်တိုင် သေချာ မမှတ်မိ) က တက်လာတဲ့ အဲ့အဖိုးကြီးက ညီမရှေ့က အမျိုးသမီးဘေး ဝင်ထိုင်တယ်။ အဲ့အဘိုးကြီးလက်က ပထမပုံမှာ မြင်တဲ့အတိုင်း လက်က ခုံ နှစ်ခုံကြားထဲ ထားထားတာပါ။ ကျမတွေ့လို့ ရိုက်ထားတာပါ။

နောက်အမျိုးသမီးက ထသွားတော့ သူ့လက်က အဲ့အမျိုးသမီး ပေါင်နားကပ်ပါ သွားပါတယ်။ အဲ့အခြေအနေကို ဓာတ်ပုံ မရိုက်လိုက်ရပါဘူး။ အဲ့အဘိုးကြီး ကျမကို လှည့်ကြည့်ပါတယ်။ အဲ့တုံးက ကျမဘေးမှာ ထိုင်တဲ့လူရှိတယ်ရှင့်။ အဲဒါနဲ့ အဲဒီအလိုးကြီးက ဒုတိယပုံမှာ မြှားပြထားတဲ့သူနား သွားပြောင်းထိုင်ပါတယ်။ နောက်တော့ ကျမဘေးက လူ ထသွားတာ အဲဒီအဘိုးကြီးမြင်တော့ ကျမနားလာဖို့ ထလာပါတယ်။

ဘာလို့ဆို ကျမက နောက်ဆုံးတန်းမှာ တယောက်ထဲ နောက်ဆုံး တတန်းလုံး ဘယ်သူမှ မရှိတော့ဘူးလေ။ ဒါပေမယ့် သူကျမဆီအလာ ပေါ်တင်ပဲ ကျမ သူ့ကို ဓာတ်ပုံရိုက်လိုက်ပါတယ်။ အဲ့ပုံက ဒုတိယပုံပါ။ အဲဒီနောက်တော့ ကျမ မြှားပြထားတဲ့ ကောင်မလေးနဲ့ ဝင်ထိုင်လိုက်ပါတယ်။

အဲဒီတုန်းက သူက တဏှာအတွက် ခွေးနေရာမရ ဖြစ်နေတာ (ကျမဆီ လျှောက်လာတုန်း ကျမက ကမန်းကတမ်း ဓာတ်ပုံရိုက်ပြီး နေရာ ပြောင်းလိုက်တာ) အဲ့အဘိုးကြီး ညဈေး မှတ်တိုင်မှာ ဆင်းသွားပါတယ်။

ကျမသတိထားမိတာတခုက သူက အမျိုးသမီးကြီးဘေး လုံးဝ မထိုင်ပါဘူး။ အမျိုးသမီးငယ်ဘေးတွေမှာပဲ နေရာယူထိုင်ပါတယ်။ (သူ့စိတ်ထဲ အမျိုးသမီးငယ်တွေ ရှက်ကြောက်ပြီး ငြိမ်ခံနေမယ်ထင်တာလား မသိ) အငြိမ်ခံပါဘူး။

အသက်ကြည့်တော့ ကျမအဖေထက်တောင် ကြီးတယ်။ သားသမီးချင်း ကိုယ်ချင်းမစာ အဲ့အဘိုးကြီး ဒီမနက် လိုက်ထိနေတဲ့လူ ကျမ မပါရင်တောင် နှစ်ယောက် ရှိတယ်။ ပုံပါအတိုင်း တခြား အမျိုးသားတွေလဲ ရှိတယ်။ မသိသလိုဘဲ။ ဒါကြောင့် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်လုံခြုံရေး ကိုယ် ကာကွယ်ပါရှင့်။ (Nan Nan)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page