တောင်းလို့ ရတဲ့ငွေအကုန်လုံး ဘုရားကိုလှူတဲ့ အဖိုးရဲ့အိမ် ဖောက်ထွင်းခံရ (တရားတွေ မဲ့နေကြပြီလား)

မြ၀တီမြို့က တောင်းစားသူအမည်ခံပြီး တောင်းရ သမျှ ရွှေမြင်း၀န်ဘုရားကို (၂)ကြိမ် လှူခဲ့ဖူးသည့်အဖိုး ဦးတင်၀င်း အိမ် သူခိုးခိုးခံရတယ်လို့ သိရပါတယ်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီး (၃)လမ်းမှာ တစ်ယောက်ထဲ အိမ်ဌားဘဝနဲ့နေထိုင်သည့် အဖိုးဦးတင်ဝင်း နေအိမ်ကို သော့တူနဲ့ (၂၃.၁၂. ၂၀၂၂) ညနေပိုင်းမှာ ရွှေမြင်းဝန်ဘုရားထံ လှူမည့် ငွေကျပ် သိန်း(၂၀) နဲ့ထိုင်းဘတ် နှစ်ထောင် ထဲက ငွေကျပ် (၁၄)သိန်း နဲ့ထိုင်းဘတ်နှစ်ထောင် သူခိုး ခိုးယူခံရပါတယ်။

အဖိုးပြောစကားအရ အဖိုးအလှူခံထွက်သောအခါ အိမ်ကို ကြည့်ရှု့စောက်ရှောက်ဖို့ သုံးလေးအိမ်ကျော်က အိမ်နီးချင်း လင်မယားအား သော့အပိုတစ်ချောင်း ပေးထားခဲ့ကြောင်း၊ ယခုလို နေ့ခင်းဖက် ပိုက်ဆံပျောက်သောကိစ္စတွင် ဘယ်သူ့ကိုမှ သူခိုးလို့မစွပ်စွဲလိုကြောင်း အဖိုးက ရင်ဖွင့်ပြောဆိုပါတယ်။

အဖိုး ဦးတင်ဝင်းဟာ ပိုင်ဆိုင်တဲ့ မြေတွေကို ရဟန်းသံယာတော်များ သီတင်းသုံးရန် ပရိယတ္တိစာတင်တိုက်ဆောက်ဖို့ ပေးလှူ ခဲ့တယ်လို့ သိရပါတယ်။ ၉-၁၁-၂၀၂၂ ရက်နေ့က အဖိုးဟာ သူတောင်းရသမျှ ငွေ (၆) သိန်း (၅) သောင်းကို မြ၀တီမြို့ ရွှေမြင်း၀န်ဘုရား ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် အကုန် လှူပေးခဲ့ပါတယ်။

ဒုတိအကြိမ်အဖြစ် ၁-၁၂-၂၀၂၂ ရက်နေ့တုန်းက တောင်းရမ်းရရှိတဲ့ ငွေ (၁၀) သိန်းလုံးကို မြ၀တီမြို့ ရွှေမြင်း၀န်ဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် ထပ်မံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ နှစ်ကြိမ်ပေါင်း ဆိုတော့ (၁၆) သိန်း (၅) သောင်း လှူဒါန်းထားပြီးသွားပြီ ဖြစ်ပါတယ်။ အဖိုး ဦးတင်ဝင်းဟာ အသက် (၇၇) နှစ်ရှိပြီး တဦးတည်း နေထိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page