ဘောလုံးဘုရင် မက်ဆီရဲ့ ရုပ်ပုံ ပါဝင်တဲ့ ငွေစက္ကူ ထုတ်လုပ်ရန် အာဂျင်တီးနား အစိုးရ စီစဉ်နေ
အာဂျင်တီးနားနိုင်ငံ အစိုးရရဲ့ ဘဏ္ဍာရေးဌာန အနေနဲ့ ဘောလုံးဂန္ထဝင် မက်ဆီရဲ့ ရုပ်ပုံနဲ့ ငွေစက္ကူထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာဂျင်တီးနား ဘဏ္ဍာရေးနဲ့ သက်ဆိုင်တဲ့ သတင်းစာ တစောင်ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ အာဂျင်တီးနား အသင်းနဲ့ မက်ဆီကို ဂုဏ်ပြုတဲ့ အနေနဲ့ ငွေစက္ကူ ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အာဂျင်တီးနား အစိုးရဟာ ၁၉၇၈ ခုနှစ်ကလည်း နိုင်ငံအတွက် ပထမဆုံး ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးစွဲလို့ရတဲ့ ငွေဒင်္ဂါးတွေကို ထုတ်ဝေခဲ့ဖူးပါတယ်။
မက်ဆီရဲ့ ရုပ်ပုံနဲ့ ငွေစက္ကူ ထုတ်လုပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ကျောနံပါတ် ၁၀ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁၀၀၀ တန် ငွေစက္ကူအနေနဲ့ ထုတ်ဝေသွားနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အာဂျင်တီးနားနိုင်ငံဟာ လတ်တလောမှာ စီးပွားရေး ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေတာကြောင့် မက်ဆီရုပ်ပုံနဲ့ ငွေစက္ကူ ထုတ်လုပ်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းထား ပိုမိုမြင့်မားလာနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။ (ဖော်ပြထားသော ပုံများသည် အွန်လိုင်းပေါ်မှ စိတ်ကူးယဉ်ပုံများသာ ဖြစ်ပြီး တကယ့်ငွေစက္ကူ အစစ် မဟုတ်သေးပါဘူး)