တူးဒီ နှစ်လုံးကြောင့် ပျော်ရွှင်တဲ့ မိသားစုလေး ပြိုကွဲပျက်စီးသွားခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်

ရေးသင့်၊မရေးသင့်ကျနော်တော်တော်စဉ်းစားခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျနော့်သူငယ်ချင်းမိတ်ဆွေတစ်ချို့လဲ နှစ်လုံး၊သုံးလုံး ရောင်းနေတာသိလို့အားနာမိလို့ပါ။ဒါပေမဲ့ ကျနော့်postကြောင့်သူတို့တွေ ဘဝမပျက်နိုင်ပေမဲ့ ကျနော့်postလေးဖတ်ပြီးဆင်ခြင်နိုင်တဲ့ သူတွေရှိခဲ့ရင် ဆိုတဲ့စေတနာနဲ့ပေါ့။

ပထမဆုံး ကိုယ်တွေ့ လေးနဲ့သင်ခန်းစာ ပေးချင်ပါတယ်။ ကျနော်နဲ့ကျနော့် ဇနီးဆိုတာ ၅ နှစ်ကျော် ချစ်သူသက်တမ်းရောက်မှ တစ်ဦးကိုတစ်ဦး တကယ်ချစ်လို့ လက်ထပ်ခဲ့ကြတာပါ။ ခုဆိုအိမ်ထောင်သက်10နှစ်ပြည့်တော့မှာပါ တကယ်ကို ဘာမှမရှိတဲ့ ဘဝကနေ မရှိအတူ၊ ရှိအတူ ရုန်းကန်ကြိုးစားရင်းနဲ့ ခုမှ အဆင်ပြေရုံ၊လူတန်းစေ့နေနိုင်ရုံသာ ရှိပါသေးတယ်။

ကျောင်းဆရာဖြစ်ပေမဲ့ ရိုးရိုးသားသားနဲ့ငွေရမဲ့အလုပ် မှန်သမျှ လုပ်ကိုင်စုဆောင်းခဲ့ရတာပါ။ ခန္ဓာကိုယ်ပင်ပန်းပေမဲ့ကျန်းမာရေးလဲ ကောင်းတာမို့ စိတ်ဆင်းရစရာမရှိသလောက်မို့ ပျော်ရွှင်ကြည်နူးစရာမိသားစုလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီပျော်ရွှင်ကြည်နူးစရာဘဝလေးဟာ တူးဒီ ဆိုတဲ့လောင်းကစား မှော်ဝင်လာ တဲ့အချိန်မှာ လုံးဝပျက်စီးခဲ့ပါတယ်။

သူအဲဒီလောင်းကစားကို လုပ်နေတယ် ဆိုတဲ့သတင်းအစအန သိကတည်းက တိုးတိုးတိတ်တိတ်တားတယ်။ ပေါ်ပေါ်ထင်ထင်တားတယ်။ မှော်ဝင်သွားတဲ့အချိန်မှာလုံးဝတားမရ ပါဘူး၊ တားမှန်းသိတော့ ကျနော်မသိအောင် သိုသိုသိပ်သိပ် ခိုးလုပ်တယ်။အဲ့အချိန်မှာ တတ်ထားတဲ့ အသိတွေ၊ဘွဲ့တွေဆင်ခြင်ဉာဏ်တွေ အကုန်ပျောက်ပါတယ်။ တစ်ရက်မှစိတ်မချမ်းသာရပါဘူး သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ ကျနော်ထိပါးရပါတော့တယ်။

သူ့ဖုန်းတွေဝင်စစ်ရတယ်။ သူဖုန်းပြောရင် ခိုးနားထောင်ရတယ်။ အရင်တုန်းကပျော်ရွှင်ကြည်နူးစရာ ကျနော့်မိသားစုဘဝ လေး လုံးဝပျောက်ကွယ်သွားပါတယ်။ အကြွေး မရှိတဲ့ ဘဝကနေ သိန်းရာကျော်အကြွေးတွေနဲ့ ပူပင်နေရတဲ့ဘဝကိုချက်ချင်း ရောက်ခဲ့ရတယ်။ ခုတော့ ဘာလုပ်လုပ် ခေါင်းထဲမှာ အကြွေးဆပ်ဖို့ စဉ်းစားနေရတယ်။ ကိုယ်ပင်ပန်းသမျှ ကိုယ်ကျခဲ့ရတဲ့ချွေးစက်မှန်သမျှ သူများအတွက်ဖြစ်ခဲ့ရပြီ။ ဒီpostက သူ့ဂုဏ်သိက္ခာကိုထိခိုက် စေမလားဆိုပြီးသေချာစဉ်းစားပါတယ်။ ကျနော်ကလွဲရင် ကိုယ့်ဌာ၊နအသိုင်းအဝိုင်းကမိတ်ဆွေတိုင်းက သိနေတာကြာပြီမို့ ရေးလိုက်တာပါ။

ခုဆို ရပ်ရွာတိုင်းနီးပါး ဒီ ၂ လုံးကြောင့်ပဲ နေစရာ မရှိ၊ စားစရာ မရှိ ဝတ်စရာမရှိဘဝရောက်နေကြတဲ့သူ တွေအများကြီးပါ။ တစ်ချို့ဆို အကြွေးမဆပ်နိုင်လို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့သတင်း တွေပါ ကြားလာရတယ်။ နောက်ဆုံးပြောချင်တာကတော့ ခုကာလဟာလူတိုင်းခက်ခဲကြတာချည်းပါ။ အဲဒီအခက်အခဲကို ဒီလောင်းကစား နဲ့အလွယ်မဖြေရှင်းကြပါနဲ့။ ငွေရဖို့ဖြတ်လမ်းမသုံးကြပါနဲ့။ မှားနေတဲ့လမ်းကို ဆက်မိုက်ပြီး ဆက်မလျှောက်ကြပါနဲ့။

တစ်ချို့အမှားတွေက ပြန်ပြင်လို့မရတဲ့ အမှားမျိုးဖြစ်တဲ့အခါ ဆုံးရှုံးနစ်နာ ရတာတွေက အစားထိုးလို့ မရပါဘူး။ ကျနော့် fri တွေထဲက ဒိုင်တွေ ရောင်းသူတွေကိုတော့အားနာပါရဲ့။ ကျနော်တို့မိသားစု လို ဘယ်မိသားစုကိုမှ မဖြစ်စေချင်ပါဘူး။ ဒီပို့စ်လေးဖတ်မိပြီး လမ်းမှားလျှောက်နေတဲ့သူတွေ ရှိနေခဲ့ရင်လဲ ရပ်တန်းကရပ်နိုင်ကြပါစေ။ ၅၀၊ ၁၀၀ ကစပြီး မှော်ဝင်တတ်တဲ့ ဒီနှစ်လုံး ရဲ့ဒုက္ခပေးမှုအပေါင်းကနေ လွတ်မြောက်နိုင်ကြပါ‌စေ။ မိသားစု ပုံအား မလိုအပ်၍ ဖျက်ထားခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page