စားအုန်းဆီဈေး တသောင်းကျော်နေတဲ့အချိန်မှာ ရေနဲ့ ကြော်လို့ရတဲ့ ကြာဇံကြော် ပြုလုပ်နည်း

လက်ရှိအချိန်မှာ စားအုန်းဆီ ဈေးနှုန်းဟာ တသောင်းကျော်နေတဲ့ အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီ တပိဿာကို ငါးထောင်ကျော် ဈေးနှုန်းနဲ့ ကန့်သတ်ပြီး ရောင်းချပေးနေပမယ့်လည်း ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေပြီး ပြည်သူများအနေနဲ့ တိုးဝှေ့ ဝယ်ယူနေကြရပါတယ်။

စကစက စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ချေးပေးပေမယ့်လည်း မြန်မာတနိုင်ငံလုံး သုံးစွဲမှုအရ ထိုပမာဏဟာ တလစာသာ ရရှိမှာ ဖြစ်ပြီး လာမယ့် လတွေမှာ စားအုန်းဆီ ပြတ်တောက်မှုကို ကြုံတွေ့ရနိုင်ပါတယ်။

ပြည်သူများ နေ့စဉ်သုံးစွဲနေရတဲ့ မီးဖိုချောင်ကုန်ကျစရိတ်များဟာလည်း တဖြည်းဖြည်း မြင့်တက်လာပြီး ဝင်ငွေနဲ့ ထွက်ငွေ ကွာဟမှု များပြားလာတာကြောင့် ပိုမိုကျပ်တည်းလာလျက်ရှိပါတယ်။ အထွေထွေ ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ပြည်သူတွေ အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ဖို့ ဆီမလို ရေနဲ့ ကြော်တဲ့ ကြာဇံအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-

ရေနဲ့ ကြော်တဲ့ ကြာဇံကြော်ပါ။ သရဖီ ကြာဇံ အစိတ်သားထုပ်မှ တစ်ဝက်ပဲ ရေခဏလေးစိမ် ထားတုန်း ဂေါ်ဖီအနည်းငယ်လှီး ရေဆေး ကြက်သွန်နီတစ်ခြမ်း အဖြူ ငါးမွှာလောက် ဆီသက်၊ ဆီကို ထမင်းဆားဇွန်း နှစ်ဇွန်းပဲထည့်တယ်။

ကြက်ဥတစ်လုံးဖောက် ကြက်သား သုံးတုံလောက် သေးသေးလေးလေး တုံးပြီး ကြက်ဥထဲထည့်မွှေ၊ ဂေါ်ဖီထည့် ငံပြာရည်နည်းနည်း၊ အချိုမှုန့် နည်းနည်း၊ သကြားနည်းနည်း ထည့်မွှေ ပဲငံပြာရည် အကျဲနည်းနည်းပေါက်ထည့် ပြီးလျှင် စိမ်ထားတဲ့ကြာဇံထည့်၊ ရေထည့်ပြီးကြော်၊ မီးနည်းနည်းလေးမှ အဆင်ပြေမယ် ကဲအရမ်းလွယ်ကူ ရိုးရှင်း စျေးလည်းသက်သာ မနက်အစာပြေပဲစားစား နေ့ခင်းစာပဲ ဖြစ်ဖြစ်။ Good (
DeCem Ber Koko)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page