ဒေါ်လာဈေး ကျပေမယ့် ကုန်ဈေးနှုန်းတွေ မကျတဲ့အပြင် ပိုတက်လာတဲ့ နောက်ကွယ်က အကြောင်းရင်း

လုပ်ငန်းရှင် တစ်ယောက်ဆီက ကြားရတဲ့ အတွင်းစကားကို ပြန်လည် ပြောပြရခြင်းဖြစ်ပါတယ်။ ကျွန်တော် လုပ်ငန်းရှင်တစ်ယောက်နဲ့ စကားပြောဖြစ်ရင်း ဒေါ်လာတွေ ရွှေစျေးတွေ ကျပေမယ့် ကုန်စျေးနှုန်းတွေ ဘာလို့ ပိုတက်လာရတဲ့အကြောင်းကို ကျွန်တော့်ကို ပြန်ပြီး ပြောပြပါတယ်။ ဒါကို လုပ်ငန်ရှင်တွေရဲ့ လှည့်ကွက် လို့သူက ခေါ်ပါတယ်။ သူပြောခဲ့တာတွေက အရမ်းများတာကြောင့် အတိုချုပ်ပြီး ကျွန်တော်က စာဖတ်သူတွေ နားလည်အောင်အကောင်းဆုံး ပြန်ပြီး ရှင်းပြပေးပါမယ်။

အခြေအနေ (၁)။ ဒေါ်လာတွေနဲ့ ရွှေစျေးတွေ တက်တဲ့အချိန်မှ လိုက်ပြီး ကုန်စည်စျေးတွေ မြှင့်ခဲ့ပါတယ်။ အဲ့လိုမျိုး ပြန်ကျသွားတဲ့အခါ ကုန်ပစ္စည်း စျေးတွေ ချသင့်တဲ့ အချိန် ရောက်လာပါတယ်။ ဒါပေမယ့် သူတို့က အရှုံး မခံနိုင်ကြဘူး။ အဲ့တော့ ပစ္စည်းစျေးကို မြှင့်လိုက်ကြပါတယ်။ ပြီးမှချမယ်ပေါ့။

ဆိုလိုတာက ဥပမာပြရရင် လက်ရှိ ကုန်စည် စျေး ၂၀ ကျပ်ဆိုရင် ကုန်ပစ္စည်း စျေးတွေ ကျသင့်တဲ့အချိန်မှာ သူတို့က ၄၀ ကျပ် အထိ စျေးထပ်တင်ပါမယ်။ ပြီးတော့မှ စျေးပြန်ချမှာဖြစ်ပါတယ်။ မူလစျေး ၂၀ ကျပ်ကိုပေါ့။ တချို့ဆို ၂၅ ကျပ် လောက်ထိပဲ ချတာတောင် ရှိပါတယ်။ ပြောရရင် ကုန်စည်ထုတ်လုပ်သူတွေနဲ့ ဒိုင်တွေရဲ့ လှည့်ကွက်တွေပေါ့။ စျေးမချဘူးလားဆိုတော့ချလိုက်တယ်။ သို့သော် စျေးမြှင့်ပြီးမှ ချတာမို့ တကယ်မကျပါဘူး။ (အယောင်ပြ စျေးချခြင်းမျိုးသာ)

အခြေအနေ (၂)။ ခုနက အ​​ခြေနေ (၁) မှာ ၂၀၀ တန်ပစ္စည်း ကို စျေးချရန် အရင် ၄၀၀ ကျပ်သို့ စျေးမြှင့်လိုက်ပေမယ့် သူတို့စျေးချမယ့် အချိန်မှာ ဒေါ်လာစျေးပြန်တက်လာပါက ချရမယ်အစား ထပ်ပြီး စျေးတင်ပါအုံးမယ်။ အဲ့ဒီအခြေအနေ နှစ်ခုလုံးက မြန်မာနိုင်ငံ က လုပ်ငန်းရှင် အများစုရဲ့ ရှေးယခင်ကပင် လုပ်ခဲ့ကြတဲ့ လုပ်ကွက်တွေ ဖြစ်ပါတယ်။

စားသုံးသူတွေသာ ပိုကျပ်တည်းလာပြီး သူတို့တွေကတော့ ပိုပြီး တော့ ချမ်းသာလာမှာပဲ ဖြစ်ပါတယ်။ AungKhantMaw (ကုန်စျေး တက်ရတဲ့ အကြောင်းအရင်းကို လုပ်ငန်းရှင်တချို့ဆီမှ ကြားသိရတာကို အတိုချုပ်ပြီး မျှဝေခြင်းဖြစ်ပါတယ်။)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page