စကစရဲ့ ဒေါ်လာပုံသေဈေးနှုန်းအသစ်ကြောင့် SKD ကားတွေ နိဂုံးချုပ် အဆုံးသတ်သွားတော့မှာလား
ပို့ကုန် သွင်းကုန် စျေးထိန်းဖို့ ငွေကြေးဖောင်းပွမှု (Inflation) အဖြစ်ခံပြီး ဗဟိုဘဏ်က ၁၈၈၅ မှ ၂၂၀၀ ထိ ငွေလှဲနှုန်း တိုးမြှင့်လိုက်ခြင်းကြောင့် အမေရိကန်ဒေါ်လာနဲ့တွက်ချက်ပြီး ရောင်းနေရတဲ့ SKD အပေါ် ဘယ်လို သက်ရောက်လာနိုင်မလဲဆိုတာ ပြောကြတာပေါ့။
ဆူဇူကီးဆွစ်ဖ် လေးတွေ မိတ်ဆက်ကာစ ၂၄၀ ကျော်ဝန်းကျင်ပေါ့။ နောက်တော့ ၂၈၀ ပတ်ချာလည်နဲ့ စျေးအမျိုးမျိုးဖွင့်ကာ မြန်မာပြည်ရဲ့ ဒေါ်လာပေါက်စျေးပေါ်မူတည်ပြီး အရောင်းစျေး ချိန်ပြီး တက်လာတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။
ဗဟိုဘဏ်ရဲ့ နှုန်းထားအသစ်ကြောင့်ရယ်၊ ကုန်သည်တွေလက်ထဲ ၃၅% သော ဒေါ်လာကိုင်ထားနိုင်တာကြောင့် SKD စက်ရုံတွေ ပြန်လည်ပတ်ပြီး ကားများတပ်ဆင်နိုင်ဖို့ အခြေအနေတခုဖြစ်ပေါ်လာနိုင်ပါတယ်။ သို့သော် ငွေကြေးဖောင်းပွမှု (Inflation) အဖြစ်ခံပြီး ငွေလဲနှုန်းတွေ မြှင့်တင်လိုက်ခြင်းကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရောင်းနေတဲ့ ဆွစ်ဖ် GLX တစ်စီးစျေးနှုန်းကို အကြမ်းဖျင်းတွက်ကြည့်ရရင် ဘတ် ၆ သိန်းအထက်နဲ့ရောင်းနေတာကို ယေဘုယျအားဖြင့်တွေ့နိုင်ပါတယ်။
ဘတ် ၆ သိန်းကျော်ခန့် (USD 17800) ဖြင့် ဆူဇူကီး Thailand မှ စျေးဖွင့်ထားသလို ဆူဇူကီး မြန်မာမှ ဗဟိုဘဏ်နဲ့ အပြင်ပေါက်စျေးကြားဟပြီး (USD 17800 * 2500) = 45,000,000 ဝန်းကျင့် (အတိုးအလျော့ ရှိနိုင်) စျေးဖွင့်လာနိုင်ပါတယ်။
ငွေကြေးဖောင်းပွမှု (Inflation) ဒဏ်အလူးအလဲခံရင်း ပေးရတဲ့ စျေးနဲ့ ပြန်ရတာ ဘယ်လိုမှ မတန်ဘူးလို့ Car Reviewer ကြားထဲမှာကော၊ တကယ့်လက်တွေ့ဝယ်စီးပြီး အဆင်မပြေ၊ မကြိုက်ကြတဲ့ ဝယ်စီးသူတချို့ရဲ့ စကားတွေရှိခဲ့တာကို ကားနဲ့နီးစပ် ပတ်သက်သူတိုင်းသိကြပြီးမှာပါ။
ဟွန်ဒိုင်းအက်ဆန်ဆိုရင်လည်း SKD တွေ အပိုပစ္စည်းဝယ်ချင်တိုင်း ဝယ်လို့မရတဲ့ အပြင် စောင့်ဆိုင်းချိန် ၃ လ နဲ့ မှောင်ခိုစျေးကွက်မှာလည်း ခိုးရာပါပစ္စည်းကိုတောင် မတန်တဆပြန်ပေးဝယ်နေရတယ်လို့ အသိမိတ်ဆွေ အက်ဆန့်ပိုင်ရှင် တချို့ထံမှလည်း သိခဲ့ရပါသေးတယ်။
အဆိုးဆုံးအနေဖြင့် GLX ဆွစ်ဖ် တစီးရဲ့ အခုအသစ်အဖွင့်စျေးကတော့ ဘယ်လိုမှ ပြည်သူတွေကြားထဲ အဆင်မပြေဖြစ်ပြီး သိန်း ၄၅၀ ဝန်းကျင်ခန့်ဖြင့် တခြား ရွေးချယ်စရာ ကားကောင်းများကို မျက်စိလည်လာဖို့ပဲရှိပါတော့တယ်။ ချင်းချောင်အပါအဝင် ဂျပန်တစ်ပတ်ရစ် JDM မော်ဒယ်မြင့် ကားစျေးကွက်ဟာ ဆူဇူကီးမြန်မာရဲ့ ငွေကြေးဖောင်းပွမှု (Inflation rate) အမြင့်စျေးကြောင့် တစ်ဖက်စောင်းနင်းတောင် ဖြစ်သွားနိုင်ပါသေးတယ်။