ရှေးဟောင်းဘုရားကြီးပေါ်မှာ လုပ်ချင်သလို လုပ်ထားတဲ့ မှန်အမိုးကြီး ပြန်လည်ဖြုတ်ချရတော့မည်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့ရှိ ရတနာဗိမာန်ဂူဘုရားကြီးအပေါ်မှ အမိုးအကာပြုလုပ်ထားမှုမှာ ဌာန၏ လမ်းညွှန်ချက်များကို သွေဖည်ဆောင်ရွက်ခဲ့သဖြင့် ဌာနမှ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်အဖွဲ့စေလွှတ် ၍ ပြန်လည်ပြင်ဆင်သွားမယ်လို့ စကစ လက်အောက်ခံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာတဲ့ ပုံများအရ ရှေးဟောင်းဘုရားကြီးအပေါ်မှာ မှန်အမိုးများ ပြုလုပ်ထားမှုကြောင့် ရှေးဟောင်းသုတေသန ပညာရှင်များ၊ ဗိသုကာပညာရှင်များ အပါအဝင် ပညာရှင်အများအပြားက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရှေးဟောင်းသုတေသန ဦးစီးဌာနက အဖွဲ့စေလွှတ်ပြီး စစ်ဆေးခဲ့ကာ မှန်အမိုးကို ဖြုတ်ချပြီး ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ ယခုလို ရှေးဟောင်းဘုရားကြီးပေါ်မှာ လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တဲ့ ရှေးဟောင်း သုတေသန ဌာနကိုလည်း ပြည်သူများက ဝေဖန်လျက်ရှိနေပါတယ်။

မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) ရဲ့ မှတ်ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။ “တောင်တွင်းကြီးမှာရှိတဲ့ ဂူဘုရားကြီး က ၁၃ ရာစုနဲ့ ၁၄ ရာစု ကြားလောက်ကလက် ရာဖြစ်ပါတယ်။ အခု သူတို့ပြဿနာဖြစ်နေ ကြတာက ရှေးဟောင်းဌာနက အမိုးလုပ်ချင် လုပ် မူလရှေးဟောင်းအဆောက်အဦရဲ့ အုတ် ရိုးပေါ်ကို မတင်စေချင်ဘူး။ ဆောက်လုပ်ရေး အဖွဲ့တွေက ဘုရားရဲ့ရေရှည်ခိုင်မာမှုကို ဦး စားပေးတယ်။ အခုဟာက အမိုးက ဘုရား ပေါ်မှာရောက်နေပြီး ဝိတ်က မလိုအပ်ဘဲနဲ့ လေးနေတာပေါ့။ ရှေးဟောင်းဘက်ကတော့ အမိုးအကာလုပ်မယ်ဆိုရင် ဘုရားကိုမထိခိုက် စေမယ့် ပေါ့ပါးတဲ့အရာနဲ့လုပ်ပေါ့။

ဟိုဘက် ကလည်း ရေရှည်ခိုင်ခံ့ဖို့ရာအတွက် မှန်တွေ ပါထည့်ပြီးတည်ဆောက်တယ်ပေါ့။ အဲဒီလို ရေးထားတာတွေ တွေ့ရတယ်။ အဓိက ပြဿနာကတော့ မူလရှေးဟောင်းပစ္စည်းအစစ် ဖြစ်တဲ့ အုတ်ရိုးအပေါ်မှာ ဝိတ်မထမ်းစေချင်တာပေါ့။ အဲဒီမူလအုတ်ရိုးအပေါ်မှာ လုံးဝ ဝိတ် မထမ်းရင်ပိုကောင်းပါတယ်။ နိုင်ငံတကာမှာဆိုရင် ဒီလိုရှေးဟောင်းအ ဆောက်အအုံကို အမိုးအကာလုပ်တယ်ဆိုရင် ရှေးဟောင်းအဆောက်အအုံကိုမထိခိုက်စေ ဘဲ သီးခြားနေရာကနေပြီး တိုင်ထောက်ပြီး အဆောက်အဦဆောက်ထားတာ။ အခုကိစ္စ က ရှေးဟောင်းဌာနနဲ့ အဆောက်အဦတည် ဆောက်တဲ့အဖွဲ့နဲ့ ညှိနှိုင်းမှုအားနည်းခဲ့တာ လည်း ပါမှာပေါ့။ ရှေးဟောင်းဥပဒေတွေ အတိုင်း စနစ်တကျလုပ်ဆောင်နိုင်ရင်တော့ ပိုကောင်းပါတယ်”ဟု က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page