ကမ္ဘာ့အလုံခြုံဆုံး ဆွစ်ဇာလန်ဘဏ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ ဘဏ် (ဂုဏ်ယူစရာ ရွှေမြန်မာတွေပါ)
ကမ္ဘာပေါ်က ဘဏ်တွေထဲမှာ လုံခြုံစိတ်အချရဆုံးနဲ့ ဝန်ဆောင်မှု အကောင်းဆုံးကို ပြပါဆိုရင် အားလုံးက ဆွစ်ဇာလန်ဘဏ်လို့ ပြောကြလိမ့်မယ် မှားပါတယ်။
အဖြေမှန်က ဘယ်နိုင်ငံမှ လိုက်မမီနိုင်တော့တဲ့ မြန်မာနိုင်ငံက ဘဏ်တွေပါ.. ဘယ်လောက်အထိ လှုံခြုံစိတ်ချရသလဲဆိုရင် ကိုယ်အပ်ထားတဲ့ ငွေကို တစ်ခြားသူ လာရောက်ထုတ်ယူဖို့ ဆိုတာ ဝေးလို့ ကိုယ်ကိုတိုင်တောင် ပြန်ထုတ်ယူလို့ မရအောင် လုံခြုံစိတ်ချရပါတယ်။
ဝန်ဆောင်မှုကလည်း ဘယ်လောက်ကောင်းသလဲဆို ကိုယ်အပ်ထားတဲ့ ငွေကို ကိုယ်ပြန်ထုတ်ဖို့ အသနားခံစာ တင်ပြတောင်းခံရပါမယ်။ ရဖို့ကတော့ ၉၉.၉၉% မသေချာပါဖူးတဲ့ ဘဏ်တိုးငွေ ဝန်ဆောင်မှုကိုလည်း အပြည့်အဝ လုပ်ဆောင်ပေးပါတယ်။ ဘဏ်ကအတိုးငွေ ရဖို့တော့ စိတ်မကူးပါနဲ့ ကိုယ်ငွေ ကိုယ်ပြန်ထုတ်ဖို့ ချေးငွေအဖြစ်ဘဏ်ကို ရာခိုင်နှုန်း ပြန်ပေးရပါလိမ့်မယ်။
ဒါနဲ့ အားမရသေးလို့ ဘဏ်မှာ ရွှေသွားဝယ်ရင် ရွှေမရလာပဲ စက္ကူ ပြန်ပေးမယ့်အစီအစဉ် လုပ်အုံးမယ် ဆိုဘဲ.. အဲ့လယ့်.. ရာရာစစကွာ ဂေါင်းကြီးရာ မုန်စိန်လား.. Minn Nanda
မြန်မာပြည်ဘဏ်တွေဟာ ဘဏ်နဲ့တူအောင် အလုပ်မလုပ်သရွေ့ မပြိုပါဘူး။ အခုရော ဘဏ်တွေ ဘဏ်နဲ့တူအောင် အလုပ်လုပ်နိုင်ကြပြီလား၊ ကိုယ့်ငွေကို စိတ်ကြိုက်ထုတ်လို့ ရပြီလား။ ဘဏ်ပြို မပြိုတော့ သေချာ အတပ်မပြောနိုင်ပေမယ့် အပြင်က စီးပွားရေးတွေကတော့ ပြိုလဲသွားကြပါပြီ…