၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ရမှတ်တူနေရင် နောက်တဆင့် တက်ဖို့ ဆုံးဖြတ်မယ့် နည်းလမ်းများ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အုပ်စုတွင်း ရမှတ်တူနေရင် ဘယ်လို ဆုံးဖြတ်မလဲ။ အုပ်စုတွင်းရမှတ်တူနေခဲ့သည်ရှိသော် အောက်ပါတို့ကို အခြေခံပြီးဆုံးဖြတ်သွားမှာ ဖြစ်တယ်-

(၁) အုပ်စု ပွဲစဉ်အားလုံးမှာ ဂိုးကွာခြားချက်သာလွန်မှု၊ (၂) အုပ်စု ပွဲစဉ်အားလုံးမှာ အများဆုံးသွင်းဂိုး အရေအတွက်၊ (၃) အမှတ်ချင်းတူနေတဲ့ နှစ်သင်းအုပ်စုတွင်းတွေ့ဆုံခဲ့စဉ်က ရရှိခဲ့တဲ့ အများဆုံးအမှတ်၊

(၄) အမှတ်ချင်းတူနေတဲ့ နှစ်သင်းအုပ်စုတွင်း တွေ့ဆုံခဲ့စဉ်က ဂိုးကွာခြားချက်သာလွန်မှု (၅) အမှတ်ချင်းတူနေတဲ့ နှစ်သင်းအုပ်စုတွင်း တွေ့ဆုံခဲ့စဉ်က သွင်းယူခဲ့တဲ့ အများဆုံး ဂိုးအရေအတွက်။

ဒါမှပဲ ဒီနှစ်သင်းကို ခွဲမရသေးဘူးဆိုရင် Fair Play ( သန့်သန့်ရှင်းရှင်းကစားမှု ) နဲ့ထပ်ဆုံးဖြတ်မှာပါ။ အဲ့ဒီသတ်မှတ်ချက်တွေထဲမှာ (၁) အဝါ တစ်ကတ်ထိရင် တစ်မှတ်နှုတ်မယ်၊ (၂) ၂ ဝါ ၁ နီနဲ့ အနီကတ်ပြခံရရင် ၃ မှတ်နှုတ်မယ် (၃) တိုက်ရိုက် အနီကတ်ပြခံရရင် ၄ မှတ်နှုတ်မယ်၊ (၄) ၁ ဝါနဲ့ တိုက်ရိုက် အနီကတ်တစ်ခါထိရင် ၅ မှတ်နှုတ်မယ်။

ဖီဖာရဲ့ ယခု Fair Play စည်းမျဉ်းကို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်အသုံးပြုခဲ့တယ်။ အဲ့ဒီတုန်းက အုပ်စု H မှာဆီနီဂေါနဲ့ ဂျပန်အသင်းတို့ ကိုလံဘီယာနောက် ဒုတိယနေရာမှာ အမှတ်တူ ဂိုးကွာခြားချက်တူ သွင်းဂိုး အရေအတွက်တူပြီး သူတို့နှစ်သင်းတွေ့ဆုံ စဉ်က ၂-၂ သရေကျထားတယ်။ ဒါပေမယ့် ဆီနီဂေါဟာ ဂျပန်အသင်းထက် အဝါကတ် ၂ ကတ်ပိုရထားတာကြောင့် ဂျပန်အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။ Smile, SBDSports

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page