ရေပေါ်ဆရာတော် (သို့မဟုတ်) မြန်မာပြည်သူတို့ရဲ့ အသိဉာဏ်ကို စမ်းသပ်လိုက်တဲ့ ကိစ္စတခု

ဧရာဝတီတိုင်းက အရမ်းနာမည်ကြီးချင်နေတဲ့ ရေပေါ် ဆရာတော်ဆိုလား ကိုယ်ဖော့ဆရာတော်ဆိုလား။ လူတွေကလဲ အထင်ကြီးအောင်လုပ်ပြမှ အထင်ကြီးကြတာ၊ ဒါပေမယ့် ရဟန်းသံဃာဆိုတာ လူထင်ကြီးအောင် လုပ်ပြရတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ ခေါင်းပါးအောင်ကျင့်ပြီး သံသရာလွတ်လမ်းကို ရှာရတာ အခုတော့ အလွဲကြီး လွဲနေပြီ။

ဆံပင် မွှေးညှင်း တွေကိုပယ်ပြီး ကတုံးတုံး သင်္ကန်းစဝတ်တဲ့ အချိန်ထဲက နှုတ်ဖျားကနေ သံသာရဝဋ္ဋဒုက္ခတောလို့ ဆိုပြီး အဲ့ဒိ ခေါင်းစဉ်အောက်မှာ သံသရာဝတ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါ စေခြင်းဆိုပြီး ရဟန်းဝတ်ခဲ့ ကြတာ မမေ့ပါနဲ့ ဘုရား။ ဒီလို ရေပေါ်မှာ ကိုယ်ဖော့ပြလို့ ရေပေါ်ကို ပေါ်အောင်လုပ်ပြတာဟာ သာသနာတော်အတွက် ဘာတွေများအကျိုးများသွားလဲ? ဒကာဒကာမတွေ အတွက်ရော ဘယ်လောက်ထိ ကုသိုလ်တွေ တိုးပွားသွားလဲ? လူအထင်ကြီးလို့ လာဘ်လာဘပေါများလဲ အရှင်ဘုရား ဘယ်လောက်စားရ စားရ တစ်ဝမ်းဝရုံ ဘယ်လောက် ဝတ်ရ ဝတ်ရ တစ်ခါးလှရုံပါပဲ။

ရဟန်းဆိုတာ အကျဉ်း ၂၂၇ ပါး အကျယ် ကုဋေပေါင်း ၉၀၀၀ ကျော်သော သိက္ခာပုဒ်တွေကြားမှာ အကုသိုလ် မဖြစ်အောင် အပြောအဆို အစားအသောက် အနေအထိုင် က အစ သတိကပ်ပြီး သတိမှတ်နေရတာပါဘုရား။ ဘုရားသားတော်လို့ အမည်ခံထားရင် ကတုံးတုံး သင်္ကန်းဝတ်ထားရုံနဲ့ လူထင်ကြီးပြီးရောဆိုပြီး ထင်ရာ လုပ်နေလို့ မရဘူးဆိုတာ နားလည်ပါ။ သေချာတာကတော့ မြတ်စွာဘုရား ချမှတ်တော် မူခဲ့တဲ့ ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုတဲ့ သာသနာ သုံးရပ် အကျင့်မြတ်ထဲက အခုလို ရေပေါ်ပေါ်အောင် လုပ်ပြနေတာဟာ ဘယ်အထဲမှာမှ မပါဘူးဆိုတာ အသေအချာပါပဲ။

ရေပေါ် အဲ့လောက်ပေါ်ချင်ရင်လဲ လူရိုသေ ရှင်ရိုသေလေး ဖြစ်အောင် ငုတ်တုတ်လေး ထိုင်ပြီးတော့ ဖြစ်ဖြစ် မတ်တပ်ရပ်လေးဖြစ်ဖြစ် ကြည့်တဲ့သူတွေလဲ ကြည့်လို့ ကောင်းအောင် မလုပ်နိုင်ဘူးလားအရှင်ဘုရား? မြတ်စွားဘုရား ကြွေးကြော်ခဲ့ တဲ့ စကားသုံးခွန်းကို ဘုရားသားတော်လို့ ကိုယ့်ကိုကို ခံယူထားရင် ပြန်လည် ကြားယောင်ကြည့်ပါ၊

ဂေါတမမြတ်စွာဘုရားက။ ဗုဒ္ဓေါ ဗောဓေယျံ။ သစ္စာလေးပါကို ငါသိပြီ ငါသိသလို ဝေနေယျတွေလည်း သိစေရမယ်။ မုတ္တော မောစေယျံ ။ သံသရာမှ ငါလွတ်မြောက်ပြီ ဝေနေယျတွေကိုလည်း ငါလွတ်မြောက်သလို လွတ်မြောက်စေရမယ်။ တိဏ္ဏောတာရေယျံ။ ငါတဘက်ကမ်းကို ကူးမြောက်ပြီ ဝေနေယျတွေကိုလည်း ငါကူးမြောက်သလို ကူးမြောက်စေရမယ်။ ဆိုတဲ့အထက်ပါ စကားသုံးခွန်ကို ကြွေးကြော်ပြီး ကိံမေ ဧကေန တိဏ္ဏေန။ တစ်ယောက်ထဲ သံသရာကနေ ကူးမြောက်လို့ ငါ့အတွက် ဘာမှ အကျိုးမထူးဘူးလို့ ခံယူပြီး ရသလောက် ကယ်တင်တယ်။

အရှင်ဘုရားတို့က ဘုရားသားတော်ပီပီ ကိုယ့်အနီးနား ကိုယ့်ဝန်းကျင် ကိုယ့်ဒကာ ဒကာမ တွေကို အထက်ပါ ပြောခဲ့တဲ့ စကားသုံးခွန်းထဲကလိုမျိုး ကယ်တင်ရမည့်အစား လူထင်ကြီးအောင် ဒေဝဒတ်လမ်းစဉ်လိုက် သာသနာတော်ရဲ့ ဆန့်ကျင်ဘက်လမ်းစဉ်တွေလုပ်ပြ ဒကာ ဒကာမတွေလဲ ကုသိုလ် ပညာ ဥစ္စာ ဘာမတစ်ခုမှ မတိုးသလို ၊ အရှင်ဘုရားရော သီလ သမာဓိ ပညာတွေ ငါးပြားဖိုးမှ တိုးမသွားဘူးဆိုတာ နားလည်လား?

ခေါင်းစဉ်တခြား လုပ်ရပ်က တစ်မျိုးနဲ့ဆိုရင်တော့ အရှင်ဘုရား သာသနာမှာ နေမနေပါနဲ့ ဘုရား သင်္ကန်းချွတ်လိုက်ပါ ပြီးရင် ခွက်တစ်လုံးကိုင် လိုက်ရင်လည်း ညစာ မနက်စာတော့ မငတ်ပါဘူး အရှင်ဘုရားလဲ အဆင်ပြေသလို သာသနာလဲ သိက္ခာမကျ သူများတွေလဲ မစော်ကားတော့ဘူး ပေါ့ ဘုရား။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် စပ်ထုံးကျေးရွာ ရေပေါ်ဆရာတော် လို့တော့ ခေါ်ဝေါ် ပြောဆိုနေကြတာပါပဲ။ KKT

Leave a Reply

Your email address will not be published.

x

You cannot copy content of this page