အမေရိကန်မှာ အစိမ်းရောင်ပြောင်းသွားတဲ့ ကောင်းကင်ကြီးကြောင့် ပြည်သူများ ထိတ်လန့်ခဲ့ရ

အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည်နယ်၊ ဆူးဖောလ်မြို့ နေထိုင်သူတွေဟာ ကောင်းကင်ရဲ့ ထူးဆန်းစွာ အစိမ်းရောင်ပြောင်းလဲသွားမှုကို အံ့အားသင့် ထိတ်လန့်သွားခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့တုန်းက ပြည်နယ်မှာ ပြင်းထန်တဲ့ မုန်တိုင်းမကျမီ လေပြင်းတွေတိုက်ခတ် ချိန်မှာ ကောင်းကင်တစ်ခုလုံးရဲ့ အရောင်ဟာ လုံးဝ အစိမ်းရောင်တောက်တောက် ဖြစ်သွားခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ်က နေအိမ်ထောင်ချီမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ရပါတယ်။ အက်ကူ ဝဲသာက မိုးလေဝသပညာရှင် အက်စက် လောင်ဂျ်လေးရဲ့ ဒေးလီးမေးလ်သို့ ပြောကြားချက် ထဲမှာတော့ ဒီလို ကောင်းကင်အရောင် အစိမ်းရောင်ပြောင်းလဲခြင်းက မုန်တိုင်းကြောင့် ဖြစ်ရကာ ဒါဟာ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ သဘာဝဖြစ်စဉ်နဲ့ပုံမှန် ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဆူးဖောလ်မြို့က ကောင်းကင်အစိမ်းရောင်ပြောင်းလဲခြင်းဖြစ်စဉ်ဟာ မုန်တိုင်းမကျမီ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး ဒီလိုဖြစ်စဉ်မျိုးကို မမြင်ဖူးကြတဲ့သူတွေအတွက် တကယ့်ကို အံ့အားသင့် ထိတ်လန့်ဖို့ ကောင်းခဲ့တယ်လို့သိရပါတယ်။ (ဘန်ကောက်လမ်းညွှန် ကိုစိုင်း)

ကမ္ဘာ့ဒေသအသီးသီးမှာလည်း ရာသီဉတု ဖြစ်စဉ်တွေကြောင့် ကောင်းကင်ကြီး အနီရောင်၊ ပန်းရောင်၊ ကြက်သွေးရောင် စတဲ့ အရောင်များ ပြောင်းလဲလေ့ ရှိတယ်လို့ မိုးလေဝသ ပညာရှင်များက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page