ဖတ်တဲ့သူတိုင်း အံ့ဩသွားစေမယ့် စကစ မြန်မာ့စွယ်စုံကျမ်း (နှစ်ချုပ်) (ထူးဆန်းအံ့ဖွယ်ရာပါပဲဗျာ)
စကစ ခေတ်မှာ ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း (နှစ်ချုပ်) ရဲ့ ထူးဆန်း အံ့သြဖွယ်ကောင်းပုံအကြောင်း ပြောပြချင်လို့ပါ။
အခုပုံတွေမှာပါတဲ့ စာအုပ်ထိုင်ဖတ်နေသူဟာ မော်လမြိုင်တက္ကသိုလ် ပါချုပ် (ငြိမ်း) ဦးလှထွန်းအောင် ပါ။ စွယ်စုံကျမ်းထဲမှာတော့ သူ့ကို ကွယ်လွန်ပြီးကြောင်း ရေးထားတယ်။
စွယ်စုံကျမ်း (နှစ်ချုပ်) ဆိုတာက တနှစ်တစ်ခါ ထုတ်ကြရတာ။ စကစ ခေတ်မှာ အရာရာ ယိုယွင်းလိုက်ပုံများ စာအုပ်ထဲမှာ ကွယ်လွန်ပြီးကြောင်း ရေးထားခံရသူက ငုတ်တုတ်ကြီး အဲ့ဒီစာအုပ်ကို ထိုင်ဖတ်နေသတဲ့။ (Sir Yae Sayar)
စွယ်စုံကျမ်း ပြုစုရာမှာ ပြီးစလွယ်လုပ်လို့ မရဘဲ အချက်အလက်သေချာပိုင်နိုင်ပြီး မော်ကွန်းတိုက် အဆင့်ဆင့်မှ မော်ကွန်းထိန်း အများအပြား စုပေါင်းကာ အချက်အလက် စိစစ်သရုပ်ခွဲသူများ၊ သုတေသနပညာရှင်များနဲ့ စုပေါင်း ပြုစုရတာ ဖြစ်ပါတယ်။
စကစ လက်ထက် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေ အရည်အချင်း ပြည့်မီပုံကတော့ ဩချရလောက်တယ်လို့ မော်ကွန်းပညာရှင်များက ဝိုင်းဝန်း မှတ်ချက် ပြုထားကြပါတယ်။