တရုတ်နိုင်ငံရဲ့ မထိန်းချုပ်နိုင်တဲ့ အာကာသဒုံးပျံကြီး ကမ္ဘာမြေပေါ်ကို ကျရောက်လာတော့မည်
တရုတ်နိုင်ငံက ယင်း၏ အာကာသစခန်းသို့ ဓာတ်ခွဲခန်းမော်ဂျူးအသစ်တခုကို ပို့ဆောင်ပေးခဲ့ရာတွင် အသုံးပြုခဲ့သည့် ဒုံးပျံသည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အာကာသကွပ်ကဲမှုအဖွဲ့၏ ပြောကြားလိုက်ပါတယ်။
၂၃ တန် အလေးချိန်ရှိ Long March 5B ဒုံးပျံသည် အာကာသစခန်းအတွက်ဓာတ်ခွဲခန်းမော်ဂျူးကို သယ်ဆောင်ကာ တရုတ်၊ ဟိုင်နန်ကျွန်းမှ ပြီးခဲ့သည့်ဇူလိုင်၂၄ ရက်မှာ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ မော်ဂျူးသည် စခန်း၏ ပတ်လမ်းနှင့် အောင်မြင်စွာဆိုက်ကပ်ခဲ့သော်လည်း ဒုံးပျံသည် မထိန်းချုပ်နိုင်ဘဲ ကမ္ဘာ့လေထုဆီသို့ ဆင်းသက်လာနေကာ မည်သည့်နေရာသို့ ကျရောက်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သိရပါယ်။
“တန်ချိန်၂၀ ကျော်လေးတဲ့ သတ္တုပစ္စည်းတခုပါ။ လေထုထဲရောက်ရင် ကွဲသွားမှာဖြစ်ပေမယ့် အများအပြား အပိုင်းအစတွေလိုပါပဲ” ဟု British Columbia တက္ကသိုလ်မှ ပါမောက္ခ Michael Byers ကပြောကြားခဲ့ပါတယ်။
ဒုံးပျံ၏ ကြီးမားသော အစိတ်အပိုင်းများသည် လူနေထိုင်ရာဒေသများတွင် ဆင်းသက်ပါက ပျက်စီးမှုများ ဖြစ်နိုင်သည်ဟု Byers က ဆက်လက်ရှင်းပြပါတယ်။ အမေရိကန် အာကာသကွပ်ကဲမှုအဖွဲ့ ကလည်း တရုတ်ဒုံးပျံ ကမ္ဘာမြေပေါ် ပြန်ကျသည်ကို ခြေရာခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုံးပျံဝင်ရောက်မည့်နေရာကို အတိအကျမသိနိုင်ပဲ လာမည့် သြဂုတ် ၁ရက်ဝန်းကျင်တွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း တန်ချိန် ၂၀ နီးပါးအလေးချိန်ရှိ တရုတ်ဒုံးပျံတစင်းဟာ အထိန်းအကွပ်မဲ့စွာ ကမ္ဘာလေထုထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ဖူးပါတယ်။ ယင်းဒုံးပျံသည် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ မကျရောက်မီ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့နှင့် Central Park ပေါ်မှဖြတ်သန်းခဲ့သွားခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အာကာသယာဉ်လွှတ်တင်မှု စည်းမျဉ်းများကို လိုက်နာခြင်း မရှိဘဲ ဒုံးပျံ လွှတ်တင်လေ့ ရှိပြီး မြန်မာနိုင်ငံကဲ့သို အိမ်နီးချင်းနိုင်ငံများရဲ့ နယ်နိမိတ်ထဲသို့ ဒုံးပျံ အစိတ်အပိုင်းများ မကြာခဏ ကျရောက်ပေါက်ကွဲလေ့ ရှိပါတယ်။