ဈေး (၂) ဆ ဖြစ်လာတဲ့ အစားအသောက်တွေနဲ့ အပြင်စာကြိုက်သူတွေ ဂရုပြုရမယ့် အန္တရာယ်များ
အစစအရာရာ စျေးတက်လာတဲ့အတွက် အပြင်စာတွေဟာ စျေးနှုန်းမြင့်လာမယ်။ Quality ကျလာမယ်။ ပမာဏလျော့လာမယ်။ ပါဝင်ပစ္စည်းတွေ မသန့်ရှင်းတော့ဘူး။
အပြင်စာကြိုက်သူတွေဟာ တစစနဲ့ ကျန်းမာရေးထိလာကြလိမ့်မယ်။ ဆေးရုံဆေးခန်းကို ခြေချလိုက်တာနဲ့ ငွေလမ်းခင်းမှရပါမယ်။ ဒီတော့ အပြင်စာ Ready made အစာများ လျော့စားပါ။ ဖြစ်နိုင်ရင် (လုံးဝ) မစားပါနဲ့။
အိမ်မှာချက်စားတတ်အောင် လေ့ကျင့်ပါ။ ပင်ပန်းတယ်။ သို့သော် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါမယ်။ အသားငါးစျေးကြီးရင် ဥ နဲ့ ပဲ အစားထိုးစားပါ။ စျေးသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ထည့်စားပေးပါ။ အစာအုပ်စု ၃ခုမျှတပါစေ။
ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ Healthy food တွေကို လေ့လာပါ။ သကြားနဲ့ ထပ်ပေါင်းသကြားကို အတတ်နိုင်ဆုံးလျော့ချပါ။
ပမာဏပိုမစားဖြစ်အောင်ထိန်းချုပ်ပါ။ BMI တွက်ပါ။ Weight ကိုထိန်းပါ။ လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်ပါ။ ကျန်းမာရွှင်လန်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ.. (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)