ကားတိုက်မိဟန်ဆောင်ပြီး နယ်ကျော်လုပ်စားတဲ့သူကို တကွက်ပြလိုက်တဲ့ ဆရာဝန်တဦး
သူ့ကို မှတ်မိကြလား။ ကားတိုက်ခံပြီး လုပ်စားတဲ့ တစ်ယောက်၊ မွေးရာပါ လက်အရိုးကဟနေတာ။ ဒီနေ့ ကျနော့ဆေးခန်းကိုလာတယ်။ ရန်ကုန်မှာ လူသိတော့ ပဲခူးမှာ လာလုပ်စားတာပေါ့။
ထုံးစံတိုင်း ကားပိုင်ရှင်ပါလာတာပေါ့။ သူ့အကြောင်းကိုသိလို့ ကျနော်က ကားပိုင်ရှင်ကို ပြောပြတယ်။ ဘက်မှန်နဲ့ပဲ ချိတ်မိတာ၊ ဂျိုးသိန်းဆေးရုံမှာ x ray ရိုက်တာ၊ အရိုးကျိုးတဲ့ မွေးရာပါဟာပဲဟာ ရဲစခန်းသာခေါ်သွားဆိုတော့။
ဆရာတဲ့ လွန်သွားပြီ။ ၁ ပုံးခွဲ လျော်ပြီးသွားပြီတဲ့။ ဒါမတတ်နိုင် တွေ့ပြီဆိုပြီး ဆေးထိုး။ ဒါနဲ့သကောင့်သားက ဆရာဝန်ပါ မချန် လုပ်စားချင်သေးတာ။ ဆေးထိုးပေးပြီးတော့ ဆေးမတဲ့လို့များလား မူးလို့ တဲ့။ လုပ်စားချင်တာ။
ရတယ်။ မင်းမူးရင် ဆေးရုံသွားမလား။ ရဲစခန်းသွားမလားလို့ ငါလိုက်ခဲ့ပေးမယ်။ ငါလဲ ဖေ့ဘုတ်သုံးတဲ့ဆရာဝန် သတိထားကွာလို့ ပြုံးပြီး ပြောလိုက်တယ် (မူးစရာ အကြောင်းကို မရှိတာ ဒါတွေမြင်လို့ ကားပိုင်ရှင်ကိုအပြင်မှာ ပြောပြထားပြီး မိုးရေထိုးပေးလိုက်တာလေ)
သကောင့်သားက သူ့အသိက အမှတ် ၂ ရဲစခန်းမှာရှိတယ်။ လုပ်သေးတာ။ အေး အတော်ပဲကွာ အသိတိုးတာပေါ့။ ငါ့အဖေက လဲ ပြည်ထဲရေးက ဒုတိယဗိုလ်မှူးဘယ်သူပဲ ပြန်ပြောလိုက်မှ နောက်ပိုင်း အချိုးလိမ်မာသွားတယ်။ ရန်ကုန်ပဲပြန်ပါတော့မယ်ဆိုပဲ။ စာရေးသူ ထက်အာကာကိုကို