ဒေါ်လာကို ရလေ လိုလေဖြစ်လာတဲ့ စကစရဲ့ ထူးဆန်းတဲ့ နောက်ဆုံးပေါ် နိုင်ငံခြားပို့ကုန်များ

ပြည်ပပို့ကုန် (Export) ကို အားမပေးပဲ နိင်ငံခြားငွေ လိုချင်တယ် လုပ်မရပါဘူး။ လက်ရှိအခြေအနေကို သုံးသပ်ရရင် တာဝန်ရှိသူတွေက ပစ္စည်းပို့ကုန် (export) ထက် လူပို့ကုန် (export) ကို ပိုအားပေးတဲ့သဘောရှိတယ်။

ဒါကြောင့် ပစ္စည်းပို့ကုန် (export) က ရလာတဲ့ ဒေါ်လာရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နဲ့ လဲလှယ်စေပြီး ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်စျေးနဲ့ လဲလှယ်ခွင့်ပြုတာပါ။ လူပို့ကုန် (export) က ရလာတဲ့ ဒေါ်လာကိုတော့ ၁၀၀ ရာခိုင်နှုန်း အကောင့်လွှဲပြောင်းခွင့်အပြင် ဘဏ်ကလဲယူတာတောင် ၁ ဒေါ်လာ ၃,၀၀၀ ကျပ်နဲ့ လဲလှယ်ခွင့်ပြုနေတာ ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ကုန်ပစ္စည်း ပို့ကုန် (export) ထက် လူပို့ကုန် (export) ကို အားပေးကြောင်း သတိပြုရမှာပါ။

ဒါကြောင့် လူပို့ကုန် (export) အတွက် လိုအပ်တဲ့ ပတ်စ်ပို့ ရုံးတွေမှာ လူပြည့်နေတာ သတိထားမိကြမှာပါ။ လေဆိပ်တွေမှာ လူငယ်အများက နိင်ငံခြားငွေ အတွက် နိင်ငံခြားကို အပြိုင်အဆိုင်ထွက်နေတာ တွေ့ရမှာပါ။

၂၀၁၆-၂၀၁၇ ဝန်းကျင်မှာ အလုပ်သမားများက နိင်ငံခြားမှ တရားဝင်ဘဏ်မှ လွှဲပြောင်းတဲ့ ဒေါ်လာက တစ်လကို ဒေါ်လာ သန်း ၆၀၀-၇၀၀ ရှိပါတယ်။ တရားမဝင် ဟွန်းဒီနဲ့ လွှဲတာပါ ထည့်တွက်ရင် လစဉ် တစ်ဘီလိယံကျော် ဒေါ်လာ က ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်နေပါတယ်။

ကုန်ပစ္စည်း ပို့ကုန် (export) က တစ်ကြိမ် ပို့ပြီး ပို့ကုန်တန်ဖိုးရပြီးရင် ဒေါ်လာအဝင်က ပြီးသွားပေ့မယ့် လူပို့ကုန် (export) ကတော့ အဲဒီလူက နိင်ငံခြားမှာ အသက်ရှင် အလုပ်လုပ်နေသရွေ့ ဒေါ်လာ အဝင်က ဆက်လက်ရရှိနိင်တဲ့အတွက် ကုန်ပစ္စည်းပို့ကုန် export ထက် လူပို့ကုန် export ကို အခွင့်အရေးတွေ ပေးပြီး နိင်ငံခြားငွေ စဉ်ဆက်မပြက် ရှာဖွေပေးမဲ့ လူ export ကို အားပေးတာကို နားလည် လာသလို ရှိပါတယ်။

ကုန်ပစ္စည်း export ထုတ်ကုန် ကို များများလုပ်ရင် ပြည်တွင်း စားသုံးမှုမှာ မလုံမလောက်ဖြစ်ပြီး စျေးတက်နိင်ပါတယ်။ လူ export ထုတ်ကုန် ကို များများလုပ်ရင် ပြည်တွင်းစားသုံးမူကိုလည်း လျော့ချရာ ရောက်လို့ ကုန်စျေးနှုန်း ကျဆင်းမူကို တဖက်တလမ်းက စွမ်းဆောင်ရာ ရောက်လို့ ကုန်စျေးနှုန်းကျ ဆင်းမူနဲ့ အတူ လူများရင် ပြသာနာ များတယ်၊ လူတွေ နည်းလေ ကောင်းလေ အထူးသဖြင့် လူငယ်တွေ ပြည်တွင်းမှာ မရှိလေ ကောင်းလေ အားလုံး ထွက်သွား တာ အကောင်းဆုံး လို့ ယူဆတာလည်း ဖြစ်ကောင်းဖြစ်နိင်ပါတယ်။

ကုန်ပစ္စည်း ထုတ်ကုန်ထက် လူထုတ်ကုန်ကို များများထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ နိင်ငံတကာ မှာတော့ ပြည်တွင်းအလုပ်အကိုင် ဖွံဖြိုးတိုးတက်ရေး ပြည်တွင်းထုတ်ကုန် တိုးပွါးရေး ဖြင့် ထုတ်ကုန် ၂ ဆ တိုးမြင့်ကြ အစီအစဉ်ဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ပြည်ပပို့ကုန် တိုးမြင့် စေခြင်းဖြင့် နိင်ငံခြားငွေ ရှာဖွေမြင့်တင်ကြပေ့မယ့် မြန်မာပြည်မှာတော့.. (Thein Aung Chen)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page