မော်ဒယ် နန်းမွေစံကို စကစ ပြည်ပထွက်ခွင့်မပေး၊ နိုင်ငံကူးလက်မှတ်ကို အပြီးသိမ်းထား

မြန်မာနိုင်ငံမှ မော်ဒယ်နန်းမွေစံဟာ ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ သူ့ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရပြီး သူ သွားရောက်မယ့် ဘန်ကောက်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ပြောပြချက်အရ နန်းမွေစံရဲ့ ပတ်စ်ပို့စာအုပ်ကို မတ် ၃၁ ရက်ကတည်းက ပြန်မပေးခဲ့တာကြောင့် ဘန်ကောက်သွားမယ့်ခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက နန်းမွေစံရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားခွင့် စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပြီး ပတ်စ်ပို့စာအုပ်အသစ်ကို ထုတ်ပေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မည်သည့်အတွက်ကြောင့် ယခုလို ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမူ ဖော်ပြထားခြင်း မရှိခြင်းပေ။ နန်းမွေစံက သူ့ရဲ့ဖခင် ကျန်းမာရေးကြောင့် ဘန်ကောက် ရီးစဉ်သွားရောက်ဖို့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ်မှာ အခုလို ကြုံခဲ့ရတာဖြစ်ပြီး ဒါဟာ မတရားဘူးလို့လည်း ထိုင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

စကစဟာ မြန်မာပြည်ထဲက ခရိုနီသူဌေးတွေ အပါအဝင် နာမည်ကျော်ကြားသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ မကြာသေးခင်းကတည်း ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းရဲ့ သမီးဖြစ်သူကိုလည်း မြန်မာပြည်ပြန်တဲ့ လေယာဉ်လက်မှတ် မပြနိုင်တာကြောင့် လေဆိပ်မှာ တားဆီး စစ်ဆေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့သေးပါတယ်။ ယခုလို လုပ်တာဟာ စကစအနေနဲ့ ခရိုနီတွေနဲ့ နာမည်ကျော်ကြားသူတွေကို အကျယ်ချုပ် လုပ်ထားတာ ဖြစ်ကြောင်း ပြည်သူတဦးက မှတ်ချက် ပြုလိုက်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page