မြန်မာတပြည်လုံးမှာ တနေရာတည်း ရှိတဲ့ (၃၀၀) ကျပ်နဲ့ ကြံရည်အဝသောက်လို့ရတဲ့ ရွာလေး
ပဲခူးတိုင်း အနောက်ပိုင်း ခရိုင် ပြည်မြို့ကတော့ အစားအသောက်တွေ စုံလင်လှတယ်လို့ ယခင်ကတည်းက နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
ဒေသထွက် အစားအစာတွေ စုံလင်လှတဲ့ ပြည်မြို့နယ်ဟာ ဈေးနှုန်းတွေလည်း သက်သာလှတာကြောင့် အလည်အပတ်သွားရောက်သူတိုင်း ကြိုက်နှစ်သက်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
ပြည်မြို့ဖက်အလည်သွားရင် နောက်ထပ် မြည်းသင့်တာ ကြံရည်ပါ သူတို့ရဲ့ထူးခြားချက်က ကြံရည် အ၀သောက် တစ်ယောက် ၃၀၀ ကျပ်ပါပဲ ကြံရည်အရောင်နဲ့ အရသာက အစ ကွာပါတယ်။
သူတို့ကတော့ ပြောတာပဲ တစ်နိုင်ငံလုံးမှာ ဒီလို အ၀သောက် ၃၀၀ ကျပ်နဲ့ ကြံရည်ရောင်းနေတာ သူတို့ရွာပဲရှိတယ်တဲ့ အုတ်ဖို မြို့နယ် ပြည်တော်သာရွာမှာပါ။ ပြည်လမ်းမ ဘေးမှာပါပဲ သိသာပါတယ်။
တစ်ရွာလုံးနီးပါးရောင်းတာပါ ကြံရည်တင်မကပါဘူး ကြံသကာ နဲ့ မြေပဲကြံသကာလည်း ဒေသထွက် အားပေးလို့ရပါသေးတယ်။ (Beautiful ln lnfinity, Photo-Tint Hlaing Tun) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)