ရန်ကုန်မှာ တို့ဆေးတွေ ပြန်သောင်းကျန်းနေ၊ အင်းစိန်မှာ တို့ဆေးမိသွားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာ

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ကတော့ ရန်ကုန်အင်းစိန်မှာ ဈေးလာဝယ်တဲ့ မိန်းကလေးတယောက်ကို တို့ဆေးနဲ့ ခေါ်သွားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

စီစီတီဗီ မှတ်တမ်းမှာ အချိန်မပါရှိတာကြောင့် ဘယ်အချိန်တုန်းက ဖြစ်သွားတာလည်းဆိုတာ သေချာ မသိရပေမယ့် ကွန်းမန့်တွေထဲမှာတော့ လွန်ခဲ့တဲ့ တနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်လို့လည်း ပြောနေကြပါတယ်။

ဗီဒီယိုထဲမှာတော့ ဈေးခြင်းတောင်းဆွဲပြီး ပြန်လာတဲ့ မိန်းကလေးတဦးကို အသက် (၅၀) အရွယ် အမျိုးသမီးတဦးက နောက်ကနေ ပုခုံးကို လှမ်းပုတ်ပြီး စကားပြောလိုက်တာ ဖြစ်ပါတယ်။ ဖြစ်စဉ်တလျှောက်လုံးမှာ အမျိုးသမီးက မိန်းကလေးရဲ့ လက်ကို ၃ ကြိမ်ခန့် တို့ခဲ့ပြီး ဗီဒီယိုနောက်ဆုံးမှာတော့ လက်ဆွဲကာ ခေါ်သွားတာ ကို တွေ့ရပါတယ်။

ပုခုံး အပုတ်ခံရချိန်မှာ မိန်းကလေးအနေနဲ့ ရုတ်တရက် ကြောင်သွားပြီးနောက် အမျိုးသမီး ပြောတဲ့ စကားတွေကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတာ တွေ့ရပါတယ်။ ဗီဒီယိုဆုံးကာနီးမှာ စီစီတီဗီကြည့်နေသူ အမျိုးသားတယောက်ရဲ့ “ပါသွားပြီ။ ဘာမှ မပြောနိုင်တော့ဘူး” ဆိုတဲ့ စကားသံလည်း ကြားရပါတယ်။

တို့ဆေးနဲ့ အတို့ခံရပြီး ဘယ်လောက်ပါသွားတယ်ဆိုတဲ့ သတင်း မသိရပေမယ့် ဗီဒီယိုထဲမှာတော့ ပုခုံးအပုတ်ခံရပြီး နောက်မှာ မိန်းကလေးရဲ့ အသိစိတ် ပျောက်သလို ဖြစ်သွားတဲ့ ပုံတွေ့ရပါတယ်။ နောက်ထပ် လက်ကို တမင်ကိုင်ပြီး ပြောနေတဲ့ အချိန်မှာ မိန်းကလေးအနေနဲ့ ဝေခွဲမရတဲ့ ပုံစံ ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ တို့ဆေးနဲ့ အလုခံရတဲ့ ဖြစ်စဉ်တွေ ပြန်လည် ခေါင်းထောင်လာပြီး မနေ့က ရှမ်းပြည်နယ်မှာ ရန်ကုန်က တို့ဆေးဂိုဏ်းကြီးတခုကိုလည်း မိခဲ့ပါသေးတယ်။ ဆက်စပ် သတင်းများအရ တို့ဆေးနဲ့ လုပ်စားနေသူ အများအပြား ရန်ကုန် ကျန်နေသေးတယ်လို့ သိရပါတယ်။

ပြည်သူများ အနေနဲ့လည်း အပြင်ထွက်မယ်ဆိုရင် တို့ဆေးအသိ၊ တို့ဆေးသတိ ရှိစွာနဲ့ ကိုယ့်အနီး ပတ်ဝန်းကျင် အမြဲမပြတ် စောင့်ကြည့်နေဖို့ လိုပါတယ်။ လိုအပ်ပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း အိတ်ထဲမှာ အသင့်ဆောင်ထားသင့်ပါတယ်။ ပြည်သူများအနေနဲ့ တို့ဆေး အန္တရာယ်ကနေ ကင်းလွတ်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page