ထူးခြားဆန်းပြားတဲ့ စနေနှစ်ခိုင် မာယာတွေနဲ့ ပျိုမေတို့ စိုပြေစေဖို့ ကိုယ်တွေ့ နည်းလမ်းအထာများ
တကယ်တော့ကွယ်။ စနေနှစ်ခိုင် ဆိုတာမျိုးက ကိုယ်လိုချင်သလို ဘရာ ရွေးဝတ်ပြီး ထိန်းလို့ရတယ်။ စနေနှစ်ခိုင် နည်းနည်းရှိတဲ့သူတွေကျတော့ အထာမနပ်ရင် အဆင်မပြေဘူး။ အဲ့တော့ ရွေးချယ်လို့ရအောင် ဖြစ်တတ်တာလေးတွေကို sharing လုပ်ပေးမယ်။
ကြီးချင်ရင် အောက်ခံ ဘရာက အစ စနေနှစ်ခိုင်ကို မထိန်းပေးတဲ့ အပျော့သားလေးဝတ်။ အပေါ်က အင်္ကျီကို အသားကပ် အကြပ်ဝတ်။ အဲ့လို တွဲဖက် ဝတ်ဆင်လိုက်ခြင်းအားဖြင့် ကြီးလာပေမယ့် အားနည်းချက်တွေတော့ ရှိတယ်။
ပြူးပြဲရမ်းခါပြီး မူရင်းထက် တစ်ဆခွဲလောက် ထိန်းမနိုင် သိမ်းမရ ကြီးလာတာ သူက။ ပုံမှန် ရှောက်ဝိုင်းသီးလောက် ရှိရင် ဂေါ်ဖီထုပ်လောက် ဖြစ်သွားတတ်တယ်။ လူထူထူကြား သွားမိလို့ကတော့ မလွယ်ဘူး။ လူက ခြေတစ်လှမ်းဆို သူက ဘေးဘယ်ညာ စက်ဝိုင်းပုံ ရမ်းနေတော့တာ။
မရမ်းခါချင်ရင်တော့ ဖော့ပါတာနဲ့ တွဲဝတ်။ ပွတ်ချ်အပ် ဘရာပေါ့။ ပြောသာပြောရပေမယ့် အဲ့ဒါက တော်ရုံဆိုဒ် ရှိရင်ကို မဝတ်သင့်ဘူး။ ပင့်တင်ပေးထားတော့ နော်ကို့က မေးစိနားထိ ကပ်လာပြီး လူက စမတ်မကျတော့ဘူး။ ကွမ်းယာဘမ်းကြီး ရင်ဘတ်မှာလွယ်ပြီး ဘူတာစင်္ကြံမှာ လျှောက်သွားနေရသလို မပေါ့မပါးကြီး ဖြစ်နေတော့တာ။
ကိုယ့်ဆိုဒ်ကိုယ် ဘာ cup မှန်း မတွက်တတ်ပဲ လှတာလေးမြင် ဝတ်ချင်တဲ့ သူတွေကျတော့ ရင်တခြား ဘရာ တခြားတွေ ဖြစ်ကုန်တာ။ ဘရာက တအားသေးနေရင် ဘေးတွေ လျှံထွက်ပြီး နော်ကို့က လေးခြမ်း ခြောက်ခြမ်းတွေကို ဖြစ်လို့။
ကြိုးမပါတဲ့ ဘရာ တွေကျတော့ ဓာတ်ဖမ်းရုံ တော်ရုံ အတန်သင့်လေးတွေပဲ ကောင်းတယ်။ ဟိုင်းဝေးရော ဟိုင်းနီးရော သွားလို့ကို မကောင်းဘူး။ ခြေဆယ်လှမ်းကို တစ်လက်မ နှုန်းနဲ့ အောက် လျှောလျှောကျသွားလို့ ခြေလှမ်း ငါးဆယ်လောက်ဆိုရင်ကို သူက ဗိုက်ထိ ရောက်သွားရော။ အပေါ်က ဟာကဖြင့် လေဟုန်စီးနေပြီ။
ရှိသေးတယ်။ စီလီကွန်ဖတ်လေးတွေနဲ့ နစ်ပယ်ကာဗာ လေးတွေ။ ပုခုံး ရင်ဘတ် ပြောင်လေးတွေ ဝတ်ချင်ရင် သုံးတာ။ အဲ့ဒါကလဲ ကွာလတီ အရမ်းကောင်းမှနော်။ မဟုတ်ရင် လူကြားထဲ ကွာကွာကျပြီး သိလိုက်ရင် တော်သေးတယ်။ ကွာသွားတာ မသိလိုက်လို့ကတော့ ရေနွေးကရားဖုံးကြီးလို ဖြစ်နေတတ်တယ်။
ပြောချင်တာကတော့ ကိုယ့် cup ဆိုဒ်ကိုယ် သေချာတွက်ပြီး အရည်သွေးကောင်းတဲ့ ဘရာ အမျိုးအစားကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး ရွေးဝယ်ကြပါ။
ဝီးမန်းဆိုသည်မှာ ဘရာ အမျိုးအစားပေါ် မူတည်ပြီး ဟိုပုံကကြီးပြီး ဒီပုံက သေး အဲ့လိုတွေ ဖြစ်တတ်ပါတယ်။ မျက်လှည့်လည်း မဟုတ်သလို စီလီကွန်လည်း မဟုတ်ပါဘူး။ ဝတ်တဲ့ ဘရာ နဲ့ အင်္ကျီသားပေါ် မူတည်ပါတယ်။ မျက်ကလဲဆန်ပြာတွေ ဖြစ်မနေကြပါနဲ့။ ကျေးဇူးပါ။ (Shoon Mi Mi Htet)