ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာက ကမ္ဘာ့အရှည်ဆုံးဖြစ်လာနိုင်တဲ့ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကြီး

နှစ်သက်တမ်းများစွာက တည်ရှိခဲ့တဲ့ ကြီးမားတဲ့ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းနဲ့ သံချက်ဖိုတွေရှိတဲ့ သံဘိုရွာကို ကျောက်ဖြစ်ရုပ်ကြွင်းဝါသနာရှင်၊ ပညာရှင်တွေ လာရောက်လေ့လာသင့်တယ်လို့ သိရပါတယ်။

ယခု တူးဖော်တွေ့ရှိထားတဲ့ အင်ကြင်း ကျောက်ဖြစ်ရုပ်ကြွင်း ကျောက်ကြီးကို မြေအနက် (၁၇)ပေခန့်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလျား(၇၄)ပေ လောက် တူးဖော်တွေ့ရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လုံးပတ်က (၆)ပေ (၇)လက်မရှိပြီး ဆက်လက် တူးဖော်ဖို့ လည်းကျန်ရှိနေသေးတာကြောင့် အရှည် ဘယ်လောက် ရှိမယ်ဆိုတာ မခန့်မှန်းနိုင်ဘူးလို့ သိရပါတယ်။

သံဘိုရွာဟာ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာရဲ့ မြောက်ဘက် (၁)မိုင် (၅)ဖာလုံလောက်အကွာ၊ ပုပ္ပား ဂေါက်ကွင်းရဲ့ အနောက်ဘက် (၁)မိုင်ကျော် အကွာမှာ တည်ရှိတာပါ။

သံဘိုရွာမှာ ရှေးဟောင်းကျောက် ဖြစ်ရုပ်ကြွင်း၊ ပရိုင်းမိတ်လို့ ယူဆရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည်ပေါင်း (၁၀၀)လောက် စုဆောင်းရရှိထားပြီး အဲဒီထဲက (၇)မျိုးကတော့ သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း သံဘိုရွာကို လာရောက်ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ခန့်မှန်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သံဘိုချောင်းဖျားကျေးရွာအရှေ့ဘက် မန်ကျည်းတောအတွင်းမှာလည်း ပုဂံမင်း အဆက်ဆက်ကို လက်နက်ဆက်သရတဲ့ သံချက်ဖိုအမြောက်အမြားရှိနေသေးပြီး သံချေးခဲတွေကို သံချက်ဖိုတွေ အနီးမှာ တွေ့ရှိရတယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး အင်ကြင်းကျောက်ကြီးကလည်း မြန်မာပြည်မှာပဲ ရှိပြီး အဲဒီ အင်ကြင်းကျောက်ကြီး အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်-

ကမ္ဘာ့အကြီးမားဆုံး ကျောက်ဖြစ်သစ်ပင်ရုပ်ကြွင်းတစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းကျောက်ဥယျာဉ်တွင် အများပြည်သူလေ့လာနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရပါတယ်။

ယင်းကျောက်ဖြစ်သစ်ပင်ရုပ်ကြွင်းသည် အလျားပေအရှည် (၁၆၀)၊ လုံးပါတ် (၁၄)ပေရှိသည့် အင်ကြင်းပင် (ရုက္ခဗေဒအမည် Pem tacme siarnensis) ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၁ ဒသမ ၂) သန်း နှင့် (၈ ဒသမ ၂) သန်းအကြားမှ စတင်၍ သစ်ပင်အဖြစ်မှ ကျောက်အဖြစ်သို့ အသွင်ကူးပြောင်းသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဘူမိဗေဒဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page