မီးပြတ်ရုံမက ရေပါ ပြတ်ပါမယ် (ရန်ကုန် ၁၇ မြို့နယ် မနက်ဖြန်ကစပြီး ၂ ရက်ကြာ ရေပြတ်မည်)

မနက်ဖြန် ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီးတော့ ရန်ကုန်မြို့ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ၂ ရက်ကြာ ရေအားလျော့နည်း ပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပြန် လိုက်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တို့တွင် ရန်ကုန် အနောက်ပိုင်းခရိုင်နှင့်မြို့တွင်းမြို့ နယ်များ သို့ ရေပေးဝေလျက်ရှိသည့် ရေကူးရေတွန်းစက်ရုံဝင်းအတွင်းရှိ ဂျိုးဖြူပိုက် ရေယိုစိမ့်မှုအား ပိုက်အသစ်အစားထိုးလဲလှယ်မှုလုပ်ငန်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် တောင်ဥက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်‌ တောင်မြို့နယ်များတွင် နှစ်ရက်ခန့်ကြာ ရေအားလျော့နည်း ပြတ်တောက်မယ်လို့ သိရပါတယ်။

အဆိုပါ မြို့နယ်တွေမှာ ရေအားလျော့နည်း ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြို တင် စု ဆောင်းထားကြဖို့ အသိပေးထားတာဖြစ်ပါတယ်။

ရန်ကုန် မြို့နေ ပြည်သူတွေကတော့ မီးပြတ်ရုံတင်မကဘဲ ရေပြတ်တဲ့ဒဏ်ပါ ခံရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page