အိုမီခရွန်ကူးစက်ခံရရင် ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာအသစ် (၂) မျိုး (အရင်ကိုဗစ်နဲ့ လုံးဝ မတူပါဘူး)
ဗြိတိန်က ဖော်ပြခဲ့တဲ့ သတင်းတွေအရ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ ရောဂါလက္ခဏာတွေ ထပ်မံဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာ ၂ ခုအထိ ဖြစ်ပွားလာတာဖြစ်ပြီးတော့ ဆံပင်ကျွတ်ခြင်းနဲ့ မျက်မှေးရောင်တာ ဒါမှမဟုတ် မျက်ကွင်းညိုတာတွေဖြစ်တယ်လို့ သိရပါတယ်။
မျက်မှေးရောင်ရမ်းတာမှာဆိုရင် မျက်လုံးပိတ်တဲ့အထိ ဖြစ်ပွားတာဖြစ်ပြီး ဒါဟာ သတိထားရမယ့် လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။ မျက်စိပြဿနာဖြစ်ပေါ်ပြီး ပျောက်ဆုံးခါနီးအချိန်မှာပဲ ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။
ဆံပင်ကျွတ်တာကတော့ ကိုဗစ်ရဲ့ ပုံမှန်လက္ခဏာမဟုတ်ပေမယ့်လည်း အဖျားအရမ်းတက်ပြီးနောက် ဆံပင်ကျွတ်တာက အဖြစ်များတယ်လို့ သတိပေးခဲ့ပါတယ်။ ပုံမှန်ထက်ပိုမိုကျွတ်ပြီး ကျဲပါးတဲ့အဆင့်ထိကို ရောက်ရှိသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဗြိတိန်က အသက် ၉ နှစ်အရွယ် Zac Morey ဆိုတဲ့ ကလေးငယ်ဟာ ကိုဗစ်ကူးစက်ခံရပြီးနောက် မျက်လုံးရောင်ရမ်းကာ ယားယံခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဘယ်ဘက်မျက်လုံးတခုလုံးဟာ ပိတ်သွားခဲ့ပြီး ရောင်ရမ်းနေတာကို မြင်တွေ့ခဲ့ရပြီး မိခင်ဆီက ကူးစက်ပြီးနောက်မှာမှ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ကိုဗစ် နဂ္ဂတစ်ဖြစ်သွားတဲ့အချိန်ထိ သူ့ရဲ့ မျက်လုံးက နာကျင်မှုဝေဒနာကို ခံစားနေရတယ်လို့လည်း သိရပါတယ်။
အစောပိုင်းမှာတော့ ကိုဗစ်ကူးစက်ချိန် နေအိမ်အတွင်းမှာပဲ ကွန်ပျူတာဂိမ်းဆော့နေခဲ့လို့ အခုလိုဖြစ်ပွားတာလို့ ယူဆခဲ့ပေမယ့်လည်း ရက်အနည်းငယ်အကြာမှာတော့ ဘယ်ဘက်မျက်လုံးမှာ ဘောလုံးလိုဖောင်းကားလာပြီးနောက် စိုးရိမ်ခဲ့ရပါတယ်။ ဒီအတွက် ဆေးရုံကို သွားရောက်ပြသခဲ့ပြီးနောက်မှာ ကိုဗစ်ကြောင့်ဖြစ်ပွားခဲ့တာကို သိရှိခဲ့ရကာ အိုမီခရွန်ကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
အိုမီခရွန်ကူးစက်ခံရသူတွေမှာဖြစ်ပွားတတ်တဲ့ လက္ခဏာတွေကတော့ လည်ချောင်းယားယံခြင်း၊ နောက်ကျောအောက်ပိုင်းနာကျင်ခြင်း၊ နှာရည်ယို၊နှာပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ ကိုက်ခဲခြင်း တွေဖြစ်ပါတယ်။
ဒေါက်တာ သိန်းစိုးထွန်း
ဆီးချိုနှင့်ဟော်မုန်းပါရဂူ