တွန်ဂါ မီးတောင် ဆက်တိုက်ပေါက်ကွဲခြင်းနှင့် တကမ္ဘာလုံး ရင်ဆိုင်ရမယ့် ဆူနာမီ အန္တရာယ်အကြောင်း

တွန်ဂါ မီး​တောင်​ပေါက်ကွဲခြင်း

Ring of fire လို့​ခေါ်တဲ့ ကမ္ဘာ့မီးကွင်းစက်ဝန်းမှာ လှုပ်ခတ် တုန်ခါမှု​တွေ ဖြစ်​ပေါ်လို့​နေပါတယ်။ ဇန်နဝါရီ ၁၅ ရက် မနက်ခင်းပိုင်းမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းက တွန်ဂါ ကျွန်းမီး​တောင်တစ်ခု ပြင်းထန်စွာ ​ပေါက်ကွဲခဲ့ပြီး ဆူနာမီလှိုင်းများ ကျွန်း​ပေါ်သို့ မြင့်တက်စွာ ကျ​ရောက်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာလည်း ယခုရက်ပိုင်း ပြင်းထန်တဲ့ ငလျင်များ လှုပ်ခတ်လျက်ရှိပြီး ဂျပန်နိုင်ငံက​တော့ ဆူနာမီ သတိ​ပေးချက်များ ဆက်တိုက်​ကြေငြာလျက်ရှိပါတယ်။

ကမ္ဘာအဝှမ်းက လှုပ်ရှားတက်ကြွ​နေဆဲ မီး​တောင်အားလုံးရဲ့ ၇၅% ဟာ Ring of fire (ကမ္ဘာ့မီးကွင်းစက်ဝန်း) အတွင်းမှာ ရှိကြပါတယ်။ ပစိဖိတ်ရပ်ဝန်းဒေသလို့လည်း ဆိုနိုင်ပါတယ်။ နယူးဇီလန်မှ အ​မေရိကအ​နောက်ခြမ်းအထိ စက်ဝန်းပုံစံ ရှိနေတာပါ။ (​မြေပုံ) ယခု မီး​တောင်​ပေါက်တဲ့​နေရာဟာ သြစ​တြေးလျနဲ့ နယူးဇီလန်ကျွန်းအနီးက ပစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်ပါတယ်။

ဒီ မီး​တောင်​ပေါက်ကွဲမှုနဲ့ ငလျင်/ ဆူနာမီ လှိုင်းများရဲ့ အန္တရာယ်ကို ပစိဖိတ်ပင်လယ်နဲ့ ထိစပ်တဲ့ ​ဒေသ​တွေမှာ အနည်းနဲ့ အများ ကြုံ​တွေ့ရနိုင်ပါတယ်။ မြန်မာနိုင်ငံသည်လည်း အာရှ ပစိဖိတ်တွင် ပါဝင်​သော​ကြောင့် ရုတ်တရက် ပင်လယ်​ရေမြင့်တက်ခြင်း၊ ​ရေ​ကြောင်း၊ ​လေ​ကြောင်း နဲ့ ရာသီဥတု ​ပြောင်းလဲဖြစ်​ပေါ်ခြင်းတို့ ကြုံ​တွေ့ရနိုင်ပါတယ်။

ညောင်ဦးကမ်းပါးပြိုခြင်းနဲ့ စမ္ပာနဂိုရ်က နွားမ​ပေါင်ကျိုးသလိုပါပဲ။ ကမ္ဘာအဝှမ်း သက်​ရောက်နိုင်ပါတယ်။ သဘာဝ​ဘေးအန္တရာယ်များကို အသိ၊ သတိနဲ့ ကြိုတင်ပြင်ဆင် ကာကွယ်ထားကြဖို့ တိုက်တွန်း​ရေးသားလိုက်ပါတယ်။

အနာဂတ်ပညာ​ရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page