လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံကိစ္စ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒဲ့ရှင်းပြီ

လူပြောများနေတဲ့ ဓာတ်ပုံကိစ္စ ထိုင်းဝန်ကြီးချုပ် ရှင်းပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ချင်းမိုင်အလည်အပတ် ခရီးသွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာရဲ့ ခရီးစဉ်အတွင်းက ဓာတ်ပုံတစ်ပုံက ဆိုရှယ်မီဒီယာပေါ် လူပြောများနေပါတယ်။

ကွန်ပြူတာခန်းတစ်ခုထဲက ကွန်ပြူတာကြည့်နေတဲ့အချိန် ဝန်ကြီးချုပ်ရဲ့ mouse ကိုင်ထားတဲ့ လက်အပေါ်ကျောင်းသူမိန်းကလေးရဲ့ လက်ကကိုင်ထားတဲ့ အနေအထားနဲ့ ဓာတ်ပုံဟာ အင်တာနက်နဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြပြီး အမျိုးမျိုး ထင်ကြေးပေးစကားတွေပြောနေကြခြင်း ကို ဝန်ကြီးချုပ်က သူ့ကိုယ်သူ ပြန်လည်ခုခံကာကွယ်တဲ့ စကားပြောကြားခဲ့ပါတယ်။

“ဒါက လုံးဝကို အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။ ကျွန်တော့ကို သင်ကြားပေးတဲ့ သူမအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်စေချင်ပါတယ်။ သူက ကျွန်တော့လက်ကိုကိုင်ပြီး ဒီလိုလုပ်ပါလို့ ပြနေတာပါ။ ဓာတ်ပုံထဲမှာ အပြစ်ရှာဖို့က လုံးဝကို အဓိပ္ပါယ်မရှိပါဘူး” လို့ ဝန်ကြီးချုပ် ပရာယွတ်က ဆိုပါတယ်။ (ဘန်ကောက်လမ်းညွန်ကိုစိုင်း)

ဗိုလ်ချုပ်ကြီး ဘဝကနေ အာဏာသိမ်းပြီး ဝန်ကြီးချုပ် ဖြစ်လာတဲ့ ပရာယွတ်ဟာ ဆိုရှယ်မီဒီယာကို အသုံးများတဲ့ သူတဦး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာလေတပ်က ထိုင်းလေပိုင်နက်ကို ကျူးကျော်တဲ့အပေါ် ပြောဆိုမှု တစုံတရာ မရှိတာကြောင့် ထိုင်းပြည်သူများက ဝိုင်းဝန်း လှောင်ပြောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page