မလိုအပ်တာတွေကို အချိန်ကုန်ခံနေရတဲ့ အဖြစ်နဲ့ သနားဖို့ကောင်းတဲ့ မြန်မာနိုင်ငံသားတွေ
မြန်မာပြည်ကလူတွေ သိပ်သနားဖို့ကောင်းတယ် .. သူတို့အခေါ် အဲယားကွန်း ဆိုတာတွေ တပ်တယ် .. လေလည်း ဟုတ်တိ ပတ်တိ မအေးကြဘူး .. နောက် ရေခဲသေတ္တာတွေ ရှိတယ် .. ရေခဲသေတ္တာလား အမှိုက်ပုံးလားတောင် ခွဲခြားမရအောင် မီးမမှန်တော့ အနံ့ဆိုးတွေ ထွက်နေတယ်။
ဘိုထိုင် အိမ်သာတပ်တယ် .. မီးပျက်တော့ ရေအိုးထည့်ထားကြရတယ်။ ဖင်ဆေးမယ်ဆိုရော ကုန်းကုန်းကွကွ နဲ့ နှိုက်မရ ပြုမရဖြစ်။ တီဗီ အဝတ်လျှော်စက် ကား အစုံရှိတယ် .. မီးလည်း မမှန်ရော အကုန်ပြသနာတက်ရော။
လျှပ်စစ်ပစ္ခည်း စက်ပစ္စည်းဆိုတာ လူ့ဘဝအတွက် Comfortable ဆိုတဲ့ အဆင်ပြေအောင် လုပ်ပေးဖို့ ဝယ်သုံးကြတာ။ အခုဟာက အဆင်မပြေတဲ့အပြင် သူတို့အတွက် စိတ်ဖိစီးမှု ပိုဖြစ်တယ်။
ဆိုကြပါစို့ ကားဝယ်တာ မြန်ဖို့ သွားသွားလာလာ အဆင်ပြေအောင် .. ကားဝယ်တဲ့သူက တခေတ်ကတည်းက ဆီဆိုင်ကို နေ့တဝက် အချိန်ပေးတန်းစီရရှာတယ်။ အခုလည်း အဲဒီအတိုင်းပဲ ဖြစ်လာတယ်။ ရေစုပ်စက်ကလည်း အတူတူပဲ .. ရေစုပ်စက်ဆိုတာ အဆင်ပြေအောင် ထားတာ .. အခုဟာ ရေတင်ဖို့ မီးလာလို့ သူများတွေကလည်း လုပြီး စက်ဖွင့် ကိုယ်ကလည်းဖွင့် .. စက်က မနိုင် .. တခါတလေ မော်တာလောင် .. ပြသနာပေါင်းများစွာနဲ့ .. နောက်ဆုံး သူများတွေ ရေတင်ပြီးတဲ့အထိ အစောင့်ပမာ ထိုင်စောင့်လို့ တင်ရတယ်။
ဆိုလိုတာက ဝယ်ထားသမျှ လျှပ်စစ်ပစ္စည်းဆိုတာ သူတို့ကို ခိုင်းဖို့ ဝယ်ထားတာ .. သူတို့ကို ခိုင်းလျှင် အချိန်ကုန် သက်သာလို့ .. အခုဟာက ကိုယ့်ကို ပြန်ခိုင်းနေလို့ သူတို့ကို ပြန်ပြီး အချိန်တွေပေးနေရလို့ လူ့ဘဝဟာ မတန်ဘူး။
ကျွန်တော်ပြောတာ မယုံရင် တွက်ကြည့်ပါလား .. ငါဝယ်ထားတဲ့ ပစ္စည်းတွေက အဆင်ပြေဖို့ ဝယ်ထားတာလား .. အချိန်ကို မြန်အောင် အသုံးချဖို့ ဝယ်ထားတာလား .. ဝယ်ပြီး ပိုအဆင်မပြေဖြစ်နေပြီလား .. ငါ့အချိန်တွေ အများကြီး ကုန်သွားပြီလား ဆိုပြီး။
I am just reporting ပါ။
Myo Han Htun