ကမ္ဘာ့ဈေးအသက်သာဆုံး လျှပ်စစ်ကား မန္တလေးမြို့မှာ ထွက်ပေါ်လာပါပြီ (တခေတ်ဆန်းတော့မှာလား)

ကမ္ဘာ့ဈေးအသက်သာဆုံး လျှပ်စစ်ကားကို မန္တလေးမြို့မှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတဦးရဲ့ ပို့စ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်-

“လူတိုင်းလက်လှမ်းမီသည့် EV (လျှပ်စစ်ကား)ကို မန်းလေးတွင် တွေ့ရှိထားပြီး နောက်ပိုင်းမှာတော့ တွင်တွင်ကျယ်ကျယ်ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Green Energy မဟုတ်ဘူး၊ Blue Energy ပါ။

နောက်က ဘက်ထရီပုံးပြာလေးက အမှန်ကန် “plug & play” ဘဲ၊ အပြင်သွားမယ်ဆိုရင် ယာဉ်မှာ ကောက်ချိတ်လိုက်ရင်ရပြီ၊ ညပိုင်းမီးထွန်းမယ်ဆိုလဲ ပုံးကလေးကို အသာဖြုတ်ပြီး မီးထွန်းလို့လဲရတယ်။

လင်မယားနှစ်ယောက်တည်း အပြင်မှာ မုန့်စားဘာစားသွားရင် အထူးသင့်တော်၊ ပတ်၀န်းကျင် လေကောင်းလေသန့် လေးဖက်လေးလံလုံး ၀င်မယ်။” (ကိုကျော်ဝင်း စက်ယန္တရား – မန္တလေး)

သေချာတာကတော့ ကမ္ဘာ့ဈေးအပေါဆုံး လျှပ်စစ်ကား ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး လျှပ်စစ်ကားတွေ မြန်မာပြည်လမ်းတွေပေါ်မှာ အများအပြား တွေ့လာရမလား ဆိုတာကတော့…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page