မြန်မာ့ရွှေဈေးကွက် ပျက်မယ့်အချိန်နဲ့ မဝယ်မီက ရှုံးနေတဲ့ ကမ္ဘာ့အထူးဆန်းဆုံး ဈေးကွက်အကြောင်း
အဲလိုဂျင်းထညိ့ပြီး ရွှေရောင်းလေလေ ကြာလေ ရွှေအဝယ်မရှိလေဖြစ်တော့မယ်။ ယခုဆို ရွှေကဝယ်ပြီးရင် ပိုက်ဆံပေးပြီးတာနှင့် ရောင်းစျေး ဝယ်စျေးကွာတာကြောင့် အတော်ရှုံးသွားပြီ။ ပြီးရင် ငွေကြေးဖောင်းပွမှု မျှော်လင့်ချက် (inflation expectations) မရှိတာကြောင့် ရွှေဟာ သိပ်မလိုသေးဘူးဟု ယူဆကြရင် အဝယ်အများအပြား ရှိမယ်မထင်ပါဘူး။
ဒါဆိုရင် နောက်လလောက်ဆိုရင် ရွှေစျေးကွက်ကြီးဟာ ပျက်သွားတော့မယ်။ ရွှေစျေးကွက်ကြီးပျက်သွားရင် ရွှေတခုထဲ ပျက်မယ်မဟုတ်ပါ။ ရွှေစျေးဆင်းသွားရင် ဒေါ်လာဝယ်ထားသူကလည်း အောက်စျေးနှင့်ရောင်းမယ်။ ကုန်စျေးနှုန်းပါဆင်းမယ်။ ပြီးရင်အိမ်တွေ ကားတွေ ပါဆင်းမှာပါ။ သဘောကတော့ ယခုလို ရွှေကို စျေးဆွဲတင်ပေးတာ အဖြေမဟုတ်ပါဘူး။ စျေးကွက်အတိုင်း အတက်အကျ မျှောပေးခြင်းသည်သာ အဖြေဖြစ်ပါတော့တယ်။ (Myat Maw)
ရွှေဈေးနှုန်းများ လူမှုကွန်ရက်စာမျက်နှာများတွင် မတင်ရန် ရန်ကုန်မြို့ရှိ ရွှေဆိုင်များကို စကစက အမိန့်ပေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရှိ နာမည်ကြီးရွှေဆိုင်အချို့ကလည်း ” ယခုရက်ပိုင်းအတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေ အခက်အခဲအချို့ကြောင့်၊ ရွှေဈေးနှုန်းများအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြရန်အခက်အခဲရှိနေသောကြောင့် ဖော်ပြနိုင်ခြင်းမရှိသေးပါကြောင်း” ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။
ရွှေဈေးနှုန်းများအား အခက်အခဲရှိနေသောကြောင့် ဖော်ပြနိုင်ခြင်း မရှိကြောင်းသာ ပြောဆိုထားပြီး မည်သည့်အကြောင်းအရင်းကိုမျှ ဖော်ပြထားခြင်းမရှိပါဘူး။ ယခင်က နာမည်ကြီးရွှေဆိုင်များက ရွှေဈေးနှုန်းများအား သက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာများမှ အချိန်နှင့်တပြေးညီ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရွှေဆိုင်သို့ ကိုယ်တိုင်လာရောက် မေးမြန်းမှသာ ရွှေဈေးနှုန်းကို သိရမှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ရွှေဈေးကွက်ကို အတင်းအကျပ် ထိန်းချုပ်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး ရွှေဈေးကွက် အလုံးစုံ ပျက်သုဉ်းသွားနိုင်တယ်လို့ ရွေလုပ်ငန်းနဲ့ နီးစပ်သူတဦးက မှတ်ချက်ပြုပါတယ်။