ဆရာစိုင်းခမ်းလိတ်ရဲ့ ပလက်ဖောင်းမင်းသား သီချင်းနဲ့ ပတ်သက်ပြီး ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်တခု
တချိန်က အနုပညာသမားတွေကို အရမ်းဒုက္ခပေးခဲ့တဲ့ဌာန။ နာမည်က စာပေစိစစ်ရေးဌါန။ ဂျပန်သံရုံးနောက်က ကံဆိုးစွာ အဖေလည်း လူကြီးတွေအမြင်ကပ်လို့ အဲဒီဌါနကို ရွာပြောင်းပြီး စာပေစိစစ်ရေးမှုးဖြစ်ခဲ့။ ထွက်သမျှ ဝတ္တုစာအုပ်၊ သီချင်းစာအုပ်၊ ဘာသာရေးစာအုပ်အစုံစိစစ်ရ။
သိရသလောက် အခံရဆုံးစာရေးဆရာက မောင်သာရပဲ။ ခဏခဏ ဆင်ဆာထိ။ ရင်ခုန်သံ နည်းနည်းမြန်သည်စာအုပ်က စာပေစိစစ်ရေးက ဒုက္ခအရမ်းပေးခဲ့။
ပလက်ဖောင်းမင်းသားသီချင်းနဲ့ စာပေစိစစ်ရေး၊ ၁၉၈၂ လောက်က အဖေက ဆရာစိုင်းခမ်းလိတ်ရဲ့ ပလက်ဖောင်းမင်းသား သီချင်းစာအုပ်ကို စိစစ်ပြီး ခွင့်ပြုချက်ပေးရ။ စာသားတွေက မဆလရဲ့မူနဲ့ညှိမညှိ စိစစ်ရတယ်။
အဖေ့ခမျာလည်း စိုင်းခမ်းလိတ် ဘယ်သူဆိုတာလည်း သိပ်မသိ။ ပလက်ဖောင်းမင်းသားသီချင်းစာအုပ်ကို စိစစ်ရင်းနဲ့ စာသားတပိုဒ်က မဆလရဲ့ မူနဲ့ ညှိတယ်ဆိုပြီး အဖေက ကန့်ကွက်လွှာတင်။ မှတ်ချက်၊ ကန့်ကွက်လွှာတင်ရင် အစည်းအဝေးဆုံးဖြတ်ချက်နဲ့သွားရ။
အဖေကန့်ကွက်တဲ့စာသားက “ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး၊ ဘရာသားရေ ဇေပါတယ်။ ငွေသာအရင်မစပါ” ပြည်တန်ဆာ အားပေးမှု ဘာညာအရပေါ့။
အစည်းအဝေးနေ့ရောက်တော့ အဖေက တင်ပြ။ ဒီစာသားကို ဖြုတ်သင့်တယ်။ ညွန်မှူးကဖတ်ပြီး အဖေ့ကိုဒီလိုပြန်ပြော “နာမည်ကိုက ပလက်ဖောင်းမင်းသားဆိုမှတော့ ဒီလိုစကားမျိုးကတော့ ထွက်မှာပေါ့တဲ့”။
အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဒီသီချင်းစာသား ဖြတ်တောက်ခြင်း မရှိဘဲ လေထဲလွင့်ပျံနိုင်ခဲ့။ ဒီသီချင်းလည်း ပေါက်၊ စီးရီးလည်းပေါက်ခဲ့။ (သီချင်းလင့်ကို ကွန်းမန့်မှာ ပေးထားပါတယ်)
အနှစ်၄၀က အဖြစ်တခု သီချင်းပိုင်ရှင် ဆရာစိုင်းခမ်းလိတ်တယောက် မသိလိုက်ဘူးလို့ထင်။ လေးစားရတဲ့ ဆရာစိုင်းခမ်းလိတ် ဒီပို့စ်လေးကို ဖတ်မိနိုင်ပါစေလို့။
ကျော်လှ