စကစ ၃ လ ပြတ်တက္ကသိုလ်ဝင်တန်း အောင်ချက် စံချိန်ချိုး၊ လာဖြေသူ တဝက်နီးပါး အောင်မြင်

စကစရဲ့ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး မြန်မာတနိုင်ငံလုံးမှာ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးပြည်နယ်တခုဖြစ်ခဲ့ပါတယ်။

ဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိတဲ့အထဲ ၆၄၁၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၇.၂၁ ရှိတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒုတိယအောင်ချက်အကောင်းဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ခဲ့ပြီး မန္တလေးတိုင်းကတော့ တတိယအောင်ချက်အကောင်းဆုံးရခဲ့ပါတယ်။ စစ်ပွဲတွေဖြစ်ပွါးနေခဲ့တဲ့ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ကတော့ အောင်ချက်အနည်းဆုံးဖြစ်ခဲ့ပါတယ်။

စကစဦးစီးကျင်းပတဲ့ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသား/သူ ၂၈၁၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ဦးအောင်မြင်ခဲ့ကာ တနိုင်ငံလုံးအောင်ချက် ၄၆.၈၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့သမျှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ အားလုံးထဲမှာ အောင်ချက် အကောင်းဆုံး ဖြစ်ခဲ့ပြီး လာဖြေသမျှ လူတဝက်နီးပါးကို အအောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အချောင်လိုချင်လို့ ဝင်ဖြေခဲ့ကြတဲ့ သူတွေရဲ့ ဆန္ဒပြည့်ဝခဲ့တာ ဖြစ်ပြီး ဒီလို ရောကြော်လုံးသုတ် ဆယ်တန်းစာမေးပွဲမှာ မအောင်ခဲ့တဲ့သူတွေကတော့ အခြေအနေ တော်တော် ဆိုးနေပြီလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ စကစရဲ့ ၃ လပြတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းရဲ့ သတင်းကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page