ရန်ကုန်မြို့လယ် လမ်း (၃၀) မှာတောင် မလုံခြုံတော့ပါဘူး (လမ်းသွားလမ်းလာတွေကို လိုက်လုတဲ့အဖြစ်)

တစ်ကယ်စိတ်ထဲလန့်နေ အိမ်ပြန်ရောက်တည်းက ငါ့တော့လွတ်သွားပြီး ဘယ်သူတွေတော့ ပြဿနာထက်တတ်လဲ မသိဘူးဆိုပြီးတွေးနေတာ။

ဒီနေ့မနက် 10:45 လောက်က Cake ပို့စရာလေးရှိလို့ ဆူးလေက နေ လသာလမ်းအလာ လမ်း ၃၀ နဲ့ ၂၉ လမ်းကြား လမ်း ၃၀ မှတ်တိုင်အကျော် အဲ့နားမှာ ဒံပေါက်ဆိုင်တစ်ခုတော့ရှိတယ် နာမည်တော့သေချာမမှတ်မိ ကားမှတ်တိုင်အကျော်နဲ့ လမ်းဘေးစျေးသည်တွေမရှိတဲ့ နေရာရာလွတ်နားမှာ လူ ၅ ယောက်တစ်စု ကိုယ့်ကို ဝိုင်းလာလို့ ဘာလဲဟပေါ့။

မသိရင် သောက်ခွက်တွေက မျက်နှာရူးတွေတစ်ကယ်ရွံစရာ စချင်သလိုလိုနဲ့ လူကို ကြောက်မလားဆိုပြီး လွယ်ထားတဲ့ အိတ်ကို လှမ်းဆွဲမလို့ အလုပ်မှာ ကိုယ့်အရှေ့ကနေ လျှောက်လာတဲ့ ဦးလေးနဲ့ အကိုကြီးကလဲ သူတို့ရှေ့တင်ပဲဖြတ်လာတာ အဲ့ဦးလေးနဲ့ အဲ့ အကိုကို ကျော်သွားပြီး ကိုယ်က အဲ့သားအဖနဲ့မျက်နှာချင်းဆိုင်အလျှောက် ကိုယ့်စီရောက်လာပြီး စပ်ဖြဲဖြဲနဲ့ စသလို နောက်သလိုနဲ့လုမို့လာလုပ်ချိန်

ဟို ဦးလေးနဲ့အကိုကလဲ ကိုယ့်ကို ကျော်သွားပြီး အနောက်ပြန်လှည့်ကြည့်တဲ့ အချိန် အဲ့ မျက်နှာရူးအုပ်စုက ကိုယ့်စီက အိတ်ဆွဲလုရမ်းကားမို့လုပ်၊ ထားလဲ လန့်ဖြန့်ပြီး ဘာလုပ်ရမှန်းမသိပင်မဲ့ ဦးလေးနဲ့ အဲ့အကိုကို လှည့်ကြည့်လိုက်တာ သူတို့ကလဲ ပြန်အကြည့် ကိုယ့်မှာ ရှေ့ဆက်မသွားပဲ မျက်နှာရူး ငါးယောက်ကြားကနေ လှည့်ထွက်ပြီး ဟိုဦးလေးကြီးကို အဖေဖေ ဆိုပြီးလိုက်ခေါ်တာ။ ဟိုကလဲ အေးသမီးလေးလာတဲ့။

မျက်နှာရူးတစ်သိုက် ပစ္စည်းလဲမလုရ ကြောင်ပြီး ကျန်ခဲ့တယ် ကိုယ်လဲ ဦးလေးကြီးနဲ့ အကိုကြီးနောက် ပြေးကပ်ပြီး သုံးယောက်သား 28 လမ်းထဲခပ်မြန်မြန်လျှောက်ကြတာ။ တော်သေးတယ် ဦးလေးကြီးက သမီးလေး ဦးစီကလဲ လုမို့လုပ်နေတဲ့ပုံပဲတဲ့ ဘေးက သူ့သားထင်ပါတယ် အသက်က ၃၀ / ၃၅ ဝန်းကျင်လောက်အကိုကြီးက (ယောင်္ကျားလေးနှစ်ယောက်ကိုမလုပ်နဲ့တော့လို့ အနောက်မှာထိုင်နေတဲ့ကောင်တွေကပြောလိုက်ပုံတဲ့ အရှေ့မှာကောင်မလေးလာနေပြီဆိုပြီး ညီမလေးစီ ဦးတည်သွားလို့ အကိုတို့လဲစိတ်မလုံလို့ ပြန်လှည့်ကြည့်လိုက်တဲ့ )

သားအဖနှစ်ယောက် ကိုယ့်ကိုပြန်စိတ်ပူ လိုက်ပို့ရမလားဆိုတော့ သမီး ဒီလမ်းတွေက သွားနေကြဆိုပြီးကျေးဇူးပါ သေချာပြောပြီး လသာလမ်းထဲ Cake အပြေးပို့ရတော့တာပါပဲ။ သောက်ရူးတွေပုံကို အဝေးကနေလှမ်းရိုက်မို့ လက်မှာကလဲ CAKE BOX တစ်ဖက်နဲ့ တော်ကြာလှမ်းရိုက်တာ တွေ့ရင်လဲ ပြဿာထပ်ဖြစ်မှာဆိုးလို့ ပြန်လာရတယ် စိတ်ထဲ ခုထိ တနုတ်နုတ်နဲ့။

သူတို့လဲသိမှာပါ မစီမဆိုင်ကြီးသားအဖတွေထဖြစ်သွားတာကို၊ သူတို့ဆက်လိုက်ရင် ကိုယ်တွေဝင်သွားတဲ့ စျေးတန်းလမ်းက ကူညီမဲ့သူများပြီး လုပ်ပြီးသားဖြစ်မှာလေ ဆက်မလိုက်ရဲတာကျေးဇူးပဲ။ ကူညီပေးခဲ့တဲ့ ဦးလေးကြီးသားအဖနဲ့ စျေးတန်းလမ်းက ဘာသာခြားတွေကိုကျေးဇူးတင်ပါတယ်။ ဟိုအကောင် ၅ ကောင်ကတော့ ရုပ်တွေကိုတွေးမိတိုင်း အတော်ရွံလို့။ (Htar Thitsar)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page