တိုင်ပတ်နေတဲ့ ရန်ကုန်အခြေခံလူတန်းစား ငါးသန်းနဲ့ ဆိုင်တွေမှာ လူပြည့်နေရတဲ့ အကြောင်းရင်းများ

ရေးသားသူ – Kyaw Swa Min။ မြန်မာငွေ ဒီလောက်ပြုတ်ကျနေတာတောင် ဆိုင်တွေမှာ လူတွေပြည့်နေတယ် အသုံးအဖြုန်းမပျက်ကြတာ မြင်ရတော့ ထူးဆန်းနေကြတယ်။ အကြောင်းအရာအမျိုးမျိုးရှိပါတယ်။

အကြောင်းကြောင်းကြောင့် ရက်ရှည်ခရီးမထွက်နိုင်ကြဘူး၊ အဲဒီကုန်ကျစားရိတ်ကို ညနေဆိုင်ထိုင်ပြီးအပမ်းဖြေတယ်။ စိတ်သိပ်မွန်းကြပ်တယ်၊ နှစ်နှစ်ကျော်ပြီ။ ဒီတော့ ကုန်ချင်ကုန်ပစေလို့ ထွက်ထိုင်ကြတယ်။ ​ အရင်ဟိုတယ်တွေတက် စားနေတဲ့လူတွေ ဘတ်ဂျက်လျော့သုံးပြီး ဘီယာဆိုင်ဆင်းထိုင်လာတယ်။

အလုပ်အကိုင်မကောင်းဘူး၊ ဘီယာဆိုင်မှာ မိတ်သစ်ဆွေသစ်ဖွဲ့ပြီး opportunity ရှာကြတယ်။ စီးပွားရေးဟာ စက်ရုံအလုပ်ရုံ၊ ရုံးပြင်ကနားနဲ့ လုပ်တဲ့စီးပွားရေးထက် လမ်းဘေးဆိုင်မှာထိုင်လုပ်ရတဲ့ စီးပွားရေးအဆင့်ကျသွားလို့ ဆိုင်တွေမှာ လူပိုများလာတယ်။ အကြောင်းကြောင်းကြောင့် နယ်ကတက်လာတဲ့လူငယ်တွေ များလာတယ်။ ကိုယ့်ဒေသမှာမရှိတဲ့အတွေ့အကြုံမို့ ထွက်ထိုင်ကြတယ်။

နောက်အကြောင်းတခုက လူတွေဟာ Stress သိပ်များလာရင် အစားပိုစားလာတတ်တယ်။ ချိုတဲ့ အစာတွေပိုစားလာတတ်တယ်။ ဆိုင်မှာ ထွက်စားနေကြတာ အလုပ်လုပ်တဲ့အရွယ်တွေ နည်းတယ်၊ ကိုယ့်ဘာသူရပ်တည်နေရသူ အရေအတွက် နည်းတယ်။ လက်ရှိတက္ကသိုလ်တက်နေတဲ့အရွယ်တွေ များတယ်။

သေချာတာတခုက Spending power ကတော့ ကျသွားပြီ။ ဘယ်လောက်လူများများ ပွဲမစည်တော့ဘူး။ တညနေ လေးငါးသောင်းထက်ပိုသုံးတဲ့ လူတန်းစားနည်းသွားပြီ။ ဆိုင်တွေမှာ လူဘယ်လောက်များများ ရန်ကုန်မြို့ရဲ့ လက်လုပ်လက်စား လူတန်းစား လေးငါးသန်းကတော့ တိုင်ပတ်နေတယ်။ သူတို့ထမင်းချိုင့်သွား ဖွင့်မကြည့်နဲ့တော့၊ ဘာဟင်းမှမပါတဲ့ ချိုင့်နဲ့ လူတန်းစားတွေတွေ့နေရပြီ။

စီးပွားရေးကလည်း လုပ်နေသူတိုင်းရှုံးနေကြတယ်။ ရောင်းကောင်းတဲ့ဆိုင်တွေလည်း ရှုံးနိုင်တာပဲ။ လက်ရှိ စီးပွားရေးလုပ်နေသူတွေ ကိုယ့်ဝင်ငွေကို ရေနံရောင်းတဲ့နိုင်ငံတွေကို လုပ်ကျွေးနေရတယ်။

ဒေါ်လာရောင်းတဲ့လူကို လုပ်ကျွေးနေရတယ်။ တော်ကြာ ဆိုင်တွေလူပြည့်နေတာပဲ ဆိုပြီး တိုင်းပြည် အိုကေနေတယ် အေးဆေးပဲ လို့ မြင်ကြမှာစိုးလို့။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page