မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားရတဲ့ အကြောင်းရင်းနဲ့ လုပ်ငန်းရှင်တွေ ဆုံးဖြတ်ချက်ချရမယ့် အချိန်

ဒီနေ့ မြန်မာ ကျပ် ငွေကြေး၊ မြန်မာ့ စီးပွားရေး ဖြစ်ပျက်သမျှ အားလုံးကို ဘဏ္ဍာရေး ရှုထောင့်ကပြောရရင် ငွေစက္ကူ ကို လိုသလိုရိုက်ထုတ်တာ အကြောင်းရင်းခံတစ်ခုပဲရယ်။ ​ငွေစက္ကူ ရိုက်ထုတ်မှုက ငွေတန်ဖိုးကျဆင်းတာ၊ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း အဆမတန် တက်တာ အားလုံးဆက်ဖြစ်သွားစေတယ်။

လက်ရှိမှာ မြန်မာပြည်က စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေဟာ ကိုယ့်လုပ်ငန်းကို အများကြီး Reflect ပြန်လုပ်ရတော့မယ်။ ၂၀၁၀-၂၀၁၅-၂၀၂၀ ဆယ်နှစ်တာကလမှာ တံခါးဖွင့်ကာလ ဖြစ်တဲ့ အတွက် အရာရာဟာ အတက်ကြီးပဲ၊ အလုပ်အကိုင်အခွင့်အလမ်း၊ GDP၊ တစ်ဦးချင်း ငွေသုံးစွဲနိုင်မှု အကုန် growth ဖြစ်တယ်။

အဲဒီအ​တွက် service နဲ့ quality ကောင်းရင် price ကို ကောင်းကောင်းယူလို့ ရတဲ့ Luxury ဆန်ဆန် လုပ်ငန်း၊ အရောင်းအဝယ် အားလုံး အလုပ်ဖြစ်ခဲ့တယ်။ လုပ်ငန်းတွေဟာ ကိုဗစ်ကာလကိုတောင် ရအောင် တောင့်ခံနိုင်ခဲ့တယ်။

၂၀၂၁ မှာ Coup ဖြစ်တော့ မြန်မာ့စီးပွား​ရေး ဟာ တအိအိ ပြိုမယ် ထင်ခဲ့တာ။ တွက်ဆသူတွေ လွဲချော်ခဲ့ပြီး ထင်သလို မဖြစ်ဘဲ မြန်မာ့စီးပွားရေး ဟာ တောင့်ခံခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျ အဲဒါဟာ “နိုင်ငံရေး” ဆိုတဲ့ Fundamental ကို ထည့်မတွက်တတ်တဲ့ အတွက် downsizing စောစော သေချာ လုပ်ရမယ့် အစား လွဲမှားစွာ ဆက်တောင့်ခံနေခဲ့တာ ပြောရမယ်။

အခု ကနေ နောင်လအနည်းငယ်ဟာ မြန်မာ့စီးပွားရေး ပြိုဆင်းလာပါလိမ့်မယ်။ ဆိုးတာက တအိအိ မပြိုရင် ဝုန်းကနဲ ပြိုတဲ့ သဘောသဘာဝ ရှိတာပါ။ ကဏ္ဍ တစ်ခုချင်းစီ လုပ်ငန်း ရပ်လာမယ်၊ လုပ်ငန်းကျုံ့သွားမယ် ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း၊ တစ်ဦးချင်း ဝင်ငွေ စပြီး ပြတ်တောက်လာမယ်။

အဲဒီ Domino Effect က ကဏ္ဍတိုင်းဆီ ဝုန်းကနဲ ရိုက်ခတ်သွားမှာရယ်။ ဘယ် ကဏ္ဍတွေ စထိမလဲဆိုရင် Service & Quality ကို ပေးပြီး ဈေးများများ ယူတဲ့ “အဆင့်မြင့်” ဆိုတဲ့ ကဏ္ဍတွေ စထိပါလိမ့်မယ်။

ဆက်လက်ရှင်သန် လုပ်ငန်းရပ်တည်ဖို့ အတွက်ဆိုရင် (၁) ဖြစ်လာမယ့် အခြေအနေ ကို အရှိအတိုင်း(အရှိအတိုင်း) လက်ခံဖို့ တကယ် မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေး Fundamental ကို မြင်အောင် သေချာကြည့်ဖို့လိုပါတယ်။

(၂) ပြီးရင် ကိုယ့်လုပ်ငန်းကို ဘယ်လိုမျိုး ပြောင်းလဲမလဲ သေချာစဉ်းစားဖို့ လိုပါတယ်။ Service & Quality ထက် ကုန်ကျစရိတ် မများ (budget save) ဖို့သာ အဓိက အကျဆုံး ဖြစ်လာပါလိမ့်မယ်။ အဲဒီလို လိုက်လျောညီထွေ ပြောင်းဖို့ မကြိုးစားဘဲ ဆက်တောင့်ခံဖို့ ကြိုးစားတဲ့ လုပ်ငန်းတွေ Survive ဖြစ်ဖို့ ခက်ပါလိမ့်မယ်။

Luxury တွေရော မကျန်ဘူးလားဆို ကျန်ပါလိမ့်မယ်။ အခုလို နေရာအနှံ့မှာ ဆိုင်ကြီးတွေ ဆက်ရှိဖို့ထက် အရေအတွက် နည်းနည်းကျန်ခဲ့ပါလိမ့်မယ်။ ဟိုး အရင် ရှေးခေတ်မှာတောင် အင်းလျားလိတ်တို့၊ Strand တို့ ရှိနေသေးသလိုပေါ့။

ပြောင်းလဲရမှာကို မကြောက်ပါနဲ့၊ ကိုယ့် customer ကို တကယ် ရှင်းပြ နားလည်မှု ယူရမှာကို မကြောက်ပါနဲ့။ ပါးသထက် ပါးလာနေတဲ့ customer တွေရဲ့ ပိုက်ဆံအိတ်နဲ့ လိုက်လျောညီထွေ ရှိမယ့် လုပ်ငန်းတွေသာ Survive ဖြစ်မှာပါ။

လူတွေ မရှိမဖြစ် သုံးစွဲရမှာ မဟုတ်တဲ့ ပစ္စည်းမျိုး ဆက်ရောင်းဖို့ မကြိုးစားပါနဲ့လို့ အကြံပြုချင်တော့တာပါပဲ။ ကိုယ့်လုပ်ငန်းကို တကယ်လေးလေးနက်နက် Reflect လုပ်ပြီး ပြောင်းလဲရမယ့်၊ မျှောမနေဘဲ ဆုံးဖြတ်ချက် အချို့ ချရမယ့် အချိန်ရောက်နေပါပြီ။ မျိုးအိမ်ဇန် ၁၂ သြဂုတ်၊ ၂၀၂၂

Leave a Reply

Your email address will not be published.

x

You cannot copy content of this page