သင်္ဘောသားအလုပ်ဆိုတာ လွယ်တယ်လို့ ထင်နေသူများ ဖတ်ဖို့ ဝါရင့် သင်္ဘောသားကြီးတဉီး ရေးတဲ့စာ

စာလေးကိုသေချာဖတ်စေချင်တယ်။ သို့ (အမျိုးတို့ရေ) ဒေါ်လာစျေးလေးကောင်း သင်္ဘောလိုက်ဖို့ ဟန်ပြင်နေတဲ့ အမျိုးတွေ ဖတ်ဖို့ ရုပ်ရှင်ထဲကလို ကော်ဖီလေးသောက်ပြီး တောင်ကြည့်မြောက်ကြည့် ရတဲ့ အလုပ် မဟုတ်ဘူး။

လကုန်ရင် လစာလေး ထုတ် ဒူးနံ့ နေရတယ် ထင်ရင်မှားမယ် ပြန်လာရင် ကားဝယ် တိုက်ခန်းဝယ်ပြီး ယူနီဖောင်း လေးနဲ့ မင်္ဂလာ ဆောင်ဖို့ ဆိုရင် ဒီလောက ထဲ မဝင်ခဲ့နဲ့ သင်္ဘောပေါ် စရောက်ရင် ကိုယ့်ထက် ပျော့တာ ခေါင်းအုံးနဲ့မွေ့ယာပဲ ရှိတာ မမေ့နဲ့ ကိုယ့်ထက် မာ တာတွေချည်းပဲ။

ဆရာဝန် ဆေးခန်း မရှိဘူး ကိုယ့်ဆေးကိုယ်သောက် ပြီး ကိုယ့်သမိုင်း ကိုယ်ရေး ကြရတာ မိုးမိ တာလောက် စာမဖွဲ့နဲ့ တနေ့ထဲ ချွေးတွေ နင့် နေတဲ့ boiler suitကို ၃ခါလောက် လဲဝတ်ရတဲ့ နေ့တွေရှိတယ်။ မှာစားချင်တာ စားဖို့ မတွေးနဲ့ ချက်ကြီး ချက်တဲ့ ဟင်း တမျိုးတည်းကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက်စား ကျန်တာ မင်းသမိုင်းပဲ။

လှိုင်းကြီးတာတွေ မုန်တိုင်းမိတာတွေက သူ့ကိစ္စ အိပ်ပျော်အောင် အိပ်ဖို့က မင်းကိစ္စ နောက် duty ချိန် မထ နိုင်ရင်တော့ မင်း သမိုင်းပဲ တညလောက် အိပ်ရေးပျက်တာ စိတ်ညစ်နေရင် ၂ ည ၃ ညဆက် မအိပ်ရတဲ့ သင်္ဘောသားတွေ ရှိတယ်ဆိုတာ တွေးထား။

ကမ်းမမြင် လမ်းမမြင်မှာ သင်္ဘောနစ် ခဲ့ရင်တော့ ကို့ဘာသာ စဉ်းစား သင်္ဘောကြီးတောင် မြုပ်တာ Life boat ပိစိကွေးနဲ့ မင်းရဲ့ survival ကတော့ အဆုံးကို ကြိုတွက်ထား သင်္ဘောမှာ ဂျူတီချိန်က အလုပ်ချိန် ကျန်တဲ့ အချိန်က stand by အချိန် ဆိုတာ အမြဲမှတ်ထား အချိန်မရွေး မင်းကို ဖုန်းဆက်နှိုးမှာ။

ငါကတော့ရှင်းတယ် ဒီနေ့ ရန်ကုန် လေဆိပ်က လေယာဉ်စတက်တဲ့ အချိန်ကနေ စာချုပ်ပြည့်လို့ ရန်ကုန်လေဆိပ်ကို လေယာဉ်ဘီး ချပြီးတဲ့ အချိန်ကြားကို ‌ေ-သလူ လို့ပဲ မှတ်ထားတယ်။

ရန်ကုန်လေဆိပ်မှာ မိဘ ဇနီး သားသမီးကို ပေးသွားတဲ့ အနမ်းက နောက်ဆုံး အနမ်း ဖြစ်သွားနိုင်တယ် ဆိုတာကို လက်ခံနိုင်မှ မင်း သင်္ဘောသား ဘဝထဲ ဝင်ခဲ့ ဒါတွေက သင်္ဘောသားတိုင်း ကြုံဖူးတယ်ဆိုတာ မင်း ယုံထားလိုက် ညီလေး (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page