အိမ်စောစောပြန်ချင်ပေမယ့် ရောင်းမကုန်လို့ မပြန်ရတဲ့ ဆပ်ပြာပူဖောင်းသည် အဖိုး

အိမ်ပြန်ပြီ…မြေးလေးတွေအတွက် မုန့်လေးတွေ ဝယ်လို့ရပြီ မနက် စောစော လူနာလမ်းကြောင်း အပြန်၊ လမ်းမှာ ခု ထွက်လာပုံရတဲ့ အထမ်းသည် အဖိုး(၁)ယောက်။

အဖိုးရေ လာပါအုံး ဗျ?? အေး လာပြီ လာပြီ။ ဘာတွေရောင်းတာတုန်း ဗျ?? ဆပ်ပြာ အမြုပ် မှုတ်ရင် ဗူးစီဖောင်းလေးတွေ ထွက်တာပါ။ ဟုတ် ဘယ်လို ရောင်းလဲဗျ?? အိတ်လေးနဲ့က – (၁၀၀)ကျပ်ပါ။ ခွက်လေးနဲ့က – (၃၀၀)ကျပ်ပါ သား။

ဟုတ် အဖိုး။ အစောကြီး ထွက်ရောင်းတာလား။ စျေးဦးကော ပေါက်ပြီလား အဖိုး။ မပေါက်သေးပါဘူး သားရယ်။ ဒီလိုပဲ တလမ်းဝင် တလမ်းထွက် ရောင်းရတာပေါ့ ဟုတ် အဖိုး။ သားကို အိတ်လေးနဲ့ (၁၀)ခုပေးပါ နော် အေးပါ သားရယ်။ အများကြီး ဝယ်ပြီ ဘာလုပ်မလို့လဲ?? သား ဆော့ဖို့ပါ။

သားက နောက်ပြီ…အဖိုး မှုတ်ဖို့ ပိုက်လေးပါ ထည့်ပေးလိုက်မယ် အဖိုး ရော့ ၅၀၀၀၀ ကျပ် ဟာ၊ သား အများကြီး ဖြစ်နေတယ်။ အဖိုး ပြန်အမ်းဖို့ အဆင်မပြေဘူး သား…အကြွေပေးပါလား မအမ်းနဲ့တော့ အဖိုး…အဖိုး ဘာလုပ်ချင်တာရှိလဲ။

အဖိုး အိမ်စောစောပြန်လို့ရပြီ။ ပြီးတော့ အဖိုး မြေးလေးတွေ မုန့်ကောင်းကောင်းလေး ဝယ်ချင်တာ၊ ခု ဝယ်ပြီး ပြန်လို့ရပြီ သားရယ်။ ကျေးဇူးတင်ပါတယ် ဟုတ် အဖိုး…ဂရုစိုက်ပါနော် ။ ဪ…ကျနော်တို့တွေ အထုတ်များများ လက်ကဆွဲရင်တောင် နာကျင်နေတာ…ခုလို ထမ်းပြီ စျေးရောင်းရတဲ့ အဖိုးအဖွားတွေဆို ဘယ်လောက်နာကျင်နေမလဲဗျာ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page