လျှပ်စစ်ကားတွေ အခွန်လုံးဝဆောင်စရာမလိုတဲ့ ကြေညာချက်နဲ့ အတူ လှုပ်ခတ်လာမယ့် ကားဈေးကွက်

ဒီကြေငြာချက်လိုင်းပေါ်စပြန့်လာပြီဆိုတော့ လျှပ်စစ်ကားတွေ အခွန် သုညရာခိုင်နှုန်း ဆိုတာတော့ သေချာသလောက် ဖြစ်သွားပါပြီ။

ကား ကုမ္ပဏီ ဘက်က ရောင်း ပေးမယ့် ကားဈေးကို သူတို့ပါမစ်ရဖို့ကုန်ကျခဲ့တဲ့ စရိတ် + showroom စရိတ် + အားသွင်းဖို့နေရာ လိုမျိုး အခြေခံအဆောက်အဦးတွေ ဆောက်ပေးတဲ့ နေရာကနေ ကုန်မယ့်စရိတ် + အမြတ် ပေါင်းပြီး ရောင်းကြတော့မယ့်သဘောပါပဲ။

ကားဖိုး ဒေါ်လာ နှစ်သောင်း ဆိုရင် အလွန်ဆုံး နှစ်သောင်းငါးထောင် လောက်နဲ့ပဲ ရောင်းကျမယ်ထင်ပါတယ်။ လျှပ်စစ်ကားကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆိပ်ကမ်းအရောက် ဈေးနှုန်း ဒေါ်လာ ထောင်ဂဏန်းပဲတန်ပြီး သိန်းရာချီပေးစီးနေရတဲ့ JDM အဟောင်းတွေရယ်၊ အခွန်တွေ ပေးနေရသေးပြီး တန်ရာတန်ကြေးထက် သိသိသာသာများနေတဲ့ လောင်စာဆီသုံး (ICE) ကားအသစ်တွေ၊ အခွန် နည်းတယ်ဆိုပေမယ့် ဆောင်နေရသေးတဲ့ SKD ICE ကားတွေ ထက်ပါ စီးရတာ တန်မှာတော့ အသေအချာပါပဲ။

၁ ကျပ်တန်ကားကို ၁ ကျပ်ခွဲ ၂ ကျပ် ၃ ကျပ်ထိ အမြဲပေးစီးနေရတဲ့ ကျွန်တော်တို့တွေအတွက် လျှပ်စစ်ကားတွေက ၁ ကျပ် ၂၀ ပြားလောက်နဲ့ စီးရဖို့တော့ရှိမှာပါ။ လူတွေဘက်က ယုံကြည်မှု စရလာမယ်။ လျှပ်စစ်ကား လဲမယ့်သူလဲသိသိသာသာများလာမယ် နယ်ဝေးထွက်ဖို့လဲ အားသွင်းဖို့နေရာတွေ စီစဉ်နေတယ်ဆိုတာလေးတွေကိုပါ အတိအကျ ချပြနိုင်ပြီးသွားရင်တော့ လျှပ်စစ်ကားလဲမယ့်သူတွေ အများကြီးရှိလာမှာပါ။

၅၀၀၊ ၆၀၀၊ ၇၀၀ တန်းက 1.0-1.8cc ကားအသစ်လေးတွေ၊ မသစ် တသစ်လေးတွေ၊ SKD အင်ဂျင်ကားလေးတွေရဲ့ တပတ်ရစ်ဈေးကတော့ အနှေးနဲ့ အမြန်လှူပ်လာမယ်လို့မြင်ပါတယ်။ JDM ထဲက GK3 တို့လို segment အနိမ့် ဈေးလွန် ကားတွေလဲ ဈေးကျဖို့သေချာသလောက်ပါပဲ။ (Eldwin Khant)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page