ဘဏ်တွေ ကိုင်ထားတဲ့ ဒေါ်လာ ၅% ကို ကျပ်ငွေနဲ့ မဖြစ်မနေ လဲရမယ်လို့ စကစ အမိန့်ထုတ်

ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ မိမိလက်ဝယ်ရှိ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေအဖြစ် အတင်းအကျပ်လဲလှယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ မူဝါဒချမှတ်သူတွေက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ညွှန်ကြားချက်မှ ကင်းလွတ်ခွင့်ရှိကြောင်း ဘဏ်အရာရှိတွေကို အသိပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်-MIC က ခွင့်ပြု၊ အတည်ပြုထားတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်သော ကုမ္ပဏီတွေကိုသာ ကင်းလွတ်ခွင့်ပြုဖို့ ရွေးချယ်ထားခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဗဟိုဘဏ်က ဘဏ်တွေကို ၎င်းတို့ ကိုင်ဆောင်ထားတဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ် ပြောင်းလဲကြဖို့ အသိပေးထားပါတယ်။ ဒီညွှန်ကြားချက်က ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ၎င်းတို့ရဲ့ ဘဏ်စာရင်းတွေမှာ ဖောက်သည်တွေရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကို အရှိန်မြှင့်တင်ဖို့ တွန်းအားပေးခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမယ်လို့ ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။

ဂျပန်ထိပ်တန်းဘဏ် ၃ ခုရဲ့ ပြည်တွင်းဘဏ်ခွဲတွေက နိုင်ငံခြားအပ်ငွေမှ ကျပ်ငွေကို လဲလှယ်ဖို့ လိုအပ်ကြောင်း သုံးစွဲသူတွေထံ အသိပေးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဗဟိုဘဏ်ရဲ့ နောက်ပြန်လှည့်မှုကို မြင်တွေ့ရခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ဟိုဘဏ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးအတည်ပြုချက်ကို ညွှန်ကြားချက်ထုတ်စေလိုပါတယ်” လို့ ဂျပန်ဘဏ်တစ်ခုမှ သတင်းအရင်းအမြစ်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ဒေါ်လာနဲ့ လစာရနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပုံသေဒေါ်လာဈေး ၁၈၅၀ ကျပ်နဲ့ အတင်းအကျပ် လဲလှယ်ခံနေရတာ ဖြစ်ပါတယ်။

ရသမျှ ဒေါ်လာတွေကို လက်ထဲ ကိုင်ထားလိုတဲ့ စကစရဲ့ မူဝါဒတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်မှုများ လုံးဝ လာရောက်မှာ မဟုတ်တော့ဘူးလို့ ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page