ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခံနေရတဲ့ မြန်မာ့လုပ်သားတွေနဲ့ နည်းပညာကို လုပ်အားနဲ့ ယှဉ်လို့မရတဲ့ခေတ်

နည်းပညာခေတ်ကို လုပ်အားနဲ့ ဘယ်လိုမှ ယှဉ်မရပါဘူး ။ ကိုရီးယားတို့ ဂျပန်တို့မှာ ၅ နှစ်လောက် အလုပ်သွားလုပ်၊ သိန်း ၂ ထောင်စုမိပြီပဲ ထားဉီး။ မြန်မာပြည် ပြန်ရောက်ရင် ဂျပန် ကား သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊ ကျန်တဲ့ ၁၅၀၀ လောက်ကို တိုက်ခန်းဝယ်။ အဲ့တိုက်ခန်း ရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့ ကားအကောင်းစား သိန်း ၁၅၀၀ တန် ဝယ်စီးလိုက်ပြီ ထားပါတော့ ၊ ကိုယ်လုပ်ခဲ့တဲ့ ၅ နှစ်လုပ်ခ အကုန် သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ်။

ကားတစ်စီးထုတ်ဖို့ ဆိုတာ ရက်ပိုင်းတောင် မကြာပါဘူး နည်းပညာဆိုတာ အဲဒါပဲ ။ ဆန်စပါးလို စောင့်နေစရာ မလိုဘူး လိုသလောက် ထုတ်လုပ်လို့ရတယ် ။ စပါးဆိုတာ တစ်နှစ် ၅ ခါမှ စိုက်လို့ မရတာ ကားကတော့ လိုအပ်ရင် စက်ရုံထပ်ဆောက်လို့ ရပါတယ်။

ကိုယ်လက်လှမ်းမမှီတဲ့ နည်းပညာတွေမှ အများကြီးပဲ တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။ နည်းပညာတွေဟာ အရမ်းအရေးကြီးတယ် ဆိုတာ တွေးမိတာကို ပြောချင်တာပါ ။ နည်းပညာ နိမ့်ကျရင် လယ် လုပ်ရတာ ခြင်း တူရင်တောင် စက်နဲ့ လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ ကွာသလို ကွာပါလိမ့်မယ်။

နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ ကြိုးစားနေတာ မြင်တော့ တွေးမိတယ် ။ တိုးတက်ပြီးသား နိုင်ငံတွေက ငါးကြင်းကြော်ဖို့ ဆီကို ငါးကြင်းဆီကရ ဆိုသလိုပဲ။ ဥပမာ – ကားထုတ်ဖို့ မြန်မာက အလုပ်သမားတွေ ခေါ်တယ် ခိုင်းတယ် ကားတွေကို မြန်မာပြည် ပြန်တင်သွင်းတယ် ။ အလုပ်သမား အတွက် ပေးရတဲ့ငွေကို အသာလေးပြန်ယူလို့ရတယ်။

အပေါ်ဆုံးအပိုဒ်မှာ ရေးသလိုပေါ့။ သူတို့ကတော့ အဲ့လောက်အသေးစား နည်းပညာလေးတွေမှာ အချိန်ကုန်မခံဘူး။ သူတို့လူတွေ မသုံးဘူး မရင်းပါဘူး။ အဲ့ထက်မြင့်တဲ့ နည်းပညာတွေ အတွက်ပဲ အချိန်ပေးမှာပါ။ ဆင်းရဲတဲ့ နိုင်ငံတိုင်းကတော့ ဒီလိုပါပဲ ဘာမှမလုပ်ဘဲ နေလို့တော့ ဘာမှ မဖြစ်ဘူးပေါ့။ ” သဘောကျလို့ပါ “။ Khant Hmhwe Swe၊ မိတ်ဆွေများအား ချစ်ခင်စွာဖြင့် Moy Tun (စာပေ ပရဟိတ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page