ရွှေ၊ ဒေါ်လာဈေး ရုတ်တရက် ထိုးကျသွားတဲ့ အကြောင်းရင်းနဲ့ ကားကိုင်ထားသူတွေအတွက် သတင်းဆိုး

တိုက်ဆိုင်တာများ ပူတင်သတင်းတွေလည်းကြားရော စျေးကွက်ထဲမှာ ဒေါ်လာတွေကို ကျစျေးနဲ့ သိမ်းချင်လို့ ရွှေစျေးတွေကို တအားချပြီး ဒေါ်လာစျေးပါ ကျသလိုတွေ လုပ်ဇာတ်ခင်းနေကြလို့ ရယ်ချင်မိတာပါ။ ဒေါ်လာအရောင်းဆိုင်တိုင်း အဝယ်ပဲရှိတယ်။

ရွှေစျေးတွေကို မတရားစွဲချပစ်မှ ဒေါ်လာကို စျေးနှိမ်ဝယ်လို့ရမယ်ဆိုတဲ့ ကလေးအထာနဲ့ ရွှေစျေးတွေကို တနေ့အတွင်း တသိန်းနီးပါးဆွဲချနေတာ။ စျေးကွက်ထဲမှာ ဒေါ်လာ အရောင်းက ထွက်ကိုမလာဘူး။ လူလည်ကြီးတွေ စျေးကျတယ်ဆိုပြီး ဖွပေး ဂျင်းထည့်လည်း ဒေါ်လာအရွက်တွေ စျေးကွက်မှာ ဝယ်လို့မရဘူး။ ရွှေစျေးကတော့ ဆွဲချပြပေမဲ့ ဒေါ်လာအရွက်တွေ ထွက်မလာဘူး။

မြန်မာကျပ်ငွေကို မယုံကြည်၊ တိုင်းပြည်အနာဂတ်ပျောက်ကုန်သလို ဖြစ်သွားရာကနေ ချမ်းသာသူ အများစုက ပြည်ပထွက် အိမ်ခြံမြေတွေ ဝယ်ကြတယ်။ ငွေပေးချေမှုတွေကို ဘဏ်အကောင့်ကနေ တဆင့် လုပ်ကြတော့ ပြည်ပလုပ်သားတွေရဲ့ နိုင်ငံခြားငွေတွေဟာ မြန်မာနိုင်ငံထဲ မရောက်တော့ပဲ အိမ်ခြံမြေဝယ်ဖို့အတွက် ပြန်ထွက်ကုန်တယ်။ ဒီတော့ နိုင်ငံခြားငွေ မဝင်ပဲ အထွက်များလာတာကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျရတယ်။

အခု ကြားရတဲ့ ကောလဟလတခုကတော့ မြန်မာကျပ်ငွေ တန်ဖိုးကျလို့ ဒေါ်လာနဲ့ ရွှေကို စျေးကွက်မှာ ဆွဲတင်နိုင်သလောက် ဆွဲတင်လိုက်တယ်။ ဆွဲတင်ပြီးတဲ့အချိန်မှာ အိမ်ခြံမြေတိုက်ခန်းနဲ့ ကားစျေးကွက်မှာ ပုံအော ရင်းနှီးလာအောင် ကားစျေးကို လပိုင်းအတွင်း ရွှေစျေးတက်တာထက် ကြမ်းအောင် အရောင်းအဝယ်သွက်လာဟန် ဆွဲတင်လိုက်တော့ လောဘသားကောင်အများဟာ လက်ထဲက ရွှေ ဒေါ်လာတွေ ထုတ်ရောင်းပြီး ကားစျေးကွက်ထဲ ခဏ ကစားဖို့ ဝင်လာကြတော့ ကားစျေးကွက်မှာ အရောင်းအဝယ်တွေ တအားသွက်လာတယ်။

စကစဟာ သူလိုချင်တဲ့ ပစ်မှတိအတိုင်း စျေးကွက်ထဲမှာ ရွှေ ဒေါ်လာ ထုတ်ရောင်းသူရှိလာလို့ သူလိုနေတဲ့ ရွှေ ဒေါ်လာတွေ ရသွားခဲ့သလို စျေးဆွဲတင်ချင်တဲ့ အိမ်ခြံမြေ ကားစျေးကွက်ကလည်း အတက်ကြမ်းခဲ့တယ်။ အခု မဖြစ်နိုင်တဲ့ ကောလဟလ တခုက ၂၀၂၃ နှစ်ဆန်းက စပြီး စလုတ်ပြည်ကနေ ကားတွေ စိတ်ကြိုက် တင်သွင်းခွင့်၊ ဝယ်ယူခွင့်ပြုတော့မယ်ဆိုတဲ့ ကောလဟလပဲ။

နိုင်ငံခြားငွေတွေ ပြည်ပကို စီးထွက်နေမှုအပေါ် အခွန်နဲ့ အမြတ်ထုတ်ပြီး လိုအပ်နေတဲ့ ငွေကို သဲ့ယူမည့်သဘော။ စကစဟာ တရုတ်ကနေ ကားအလုံးအရင်း တင်သွင်းလာဖို့ လုပ်နေသလို ကားအခွန်တွေကိုလည်း တိုးကောက်ဖို့ လုပ်နေတော့ သူတို့ လုပ်ဇာတ်ခင်းပြီး စျေးဆွဲတင်ထားတဲ့ ကားစျေးကွက်ဟာ ပူပေါင်း ပေါက်နိုင်တယ်။

ဒီသတင်းသာ မှန်ခဲ့ရင် ဂျပန်ကားတွေ ဘယ်လောက်ပဲ ကောင်းကောင်း စလုတ်ကားတွေရဲ့ စျေးကွက်ထိုးဖောက်ဝင်ရောက်လာမှုကို အတော်ခံရမှာ။ လက်ရှိ ကားစျေးတွေကလည်း မိုးထိုးအောင် စျေးတက်နေတော့ စလုတ်ကားတွေကလည်း ဝင်လာဖို့ မျက်စိကျနေကြတယ်။ ဒီကောလဟလ တကယ်မှန်ခဲ့ရင်တော့ မအလဟာ သိန်းစိန်လို ကားစျေးကျအောင် လုပ်နိုင်သူဆိုပြီး အမှတ်ယူကာ ကားသစ်တွေဆီက ရမည့် အခွန်တွေကို အကြိုက် ယူဦးမှာ။

လက်ရှိလက်ဝယ် ကားရှိနေသူတွေအတွက် သတင်းဆိုး တခုဖြစ်နေမှန်း သိပေမဲ့ တကယ်မှန်ခဲ့ရင် တချို့ ဘဝပျက်နိုင်လို့ မအလရဲ့ အပြောင်းအလဲတွေကို ဂရုစိုက်ကြပါ။ အဘရပ်ကွက်တွေမှာတော့ သူတို့နီးစပ်ရာ လူတွေကို ဒီနှစ်မကုန်ခင် လက်ထဲမှာ အပိုကားတွေ မထားကြဖို့ ကြိုသတိပေးနေကြပြီ။

ကားစျေး ကျခြင်း၊ မကျခြင်းထက် တချို့က ကိုယ်ပိုင်ငွေမဟုတ်ပဲ သူတပါးဆီက ချေးငွေနဲ့ ကားဝယ်စီးနေသူတွေ ဘဝပျက် ဒုက္ခမရောက်အောင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ဒီသတင်းဟာ ခိုင်မာမှု ရှိမရှိထက် ဟုတ်ခဲ့ရင် ထွက်ပေါက်တခု ရအောင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ သုံးသပ်ပြတာပါ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page