ရေရှည် စုဆောင်း မြှုပ်နှံချင်သူတွေအတွက် ရွှေနဲ့ ဒေါ်လာရဲ့ အားသာချက်၊ အားနည်းချက်များ
ရွှေနဲ့ဒေါ်လာ ရေရှည် မှာ ဘယ်ဟာ စုဆောင်း မြှုပ်နှံသင့်လဲ၊ ရွှေ သိန်း၃၀၀ ငွေပို ရှိသူတစ်ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ ရွှေ ၅၀ သား ဝယ်နိုင်ပါတယ် (၁ ကျပ်သား ၆သိန်းကျပ်ခန့်)။ အခု ၂၀၂၂ ခုနှစ်မှာ အဲ့ ရွှေ ၅၀ သား ဟာ သိန်း ၁၅၀၀ ကျော်တန်ပါတယ်။ သူရွှေ မှာ ရင်းနှီး မြှုပ်နှံတာ သူ့ငွေ သိန်း ၃၀၀ က ၁၁ နှစ် အကြာမှာ ၅ဆ ပွားပြီး သိန်း ၁၅၀၀ ကျော်ဖြစ်သွားပါတယ်။ သူ့ရဲ့ မာဂျင်က ၁၁ နှစ်မှာ ၄၀၀ % အမြတ် ဖြစ်ပါတယ်။
ဒေါ်လာ၊ အပေါ်က လူဟာ ၂၀၁၁ ခုနှစ်မှာ သိန်း ၃၀၀ ဖိုး ဒေါ်လာ ဝယ်ရင် ဒေါ်လာ ၃၀၀၀၀ ရမှာ ဖြစ်ပါတယ်။ (တဒေါ်လာ တထောင်ခန့်) အခု အဲ့ ဒေါ်လာ ၃၀၀၀၀ ဟာ မြန်မာငွေ သိန်း ၉၀၀ ကျော် နေပါပြီ။ သူ့ရဲ့ ရင်းနှီးငွေဟာ ၂ဆ ဘဲ ပွားပါတယ်။ သူ့ရဲ့ အမြတ်ငွေ ၁၀ နှစ်မှာ ၂၀၀% မာဂျင် ဘဲ ဖြစ်ပါတယ်။ သူဟာ သိန်း ၃၀၀ ရင်းနှီးတာ သိန်း ၆၀၀ ကျော်ဘဲ မြတ်ပါတယ်။ မှတ်ချက်။ ဘာသွား တွေ့ရလဲဆိုတော့ ရွှေ စုသူနဲ့ ဒေါ်လာ စုသူဟာ ၁၁နှစ် အကြာမှာ ငွေ ပွား တာ ခေါက်ချိုး ကွာပါတယ်။
ရွှေ သမားက အမြတ် သိန်း ၁၂၀၀ ကျော်ရတဲ့ အချိန်မှာ ဒေါ်လာသမား က သိန်း ၆၀၀ ကျော်ဘဲမြတ်ပါတယ်။ ဘာလို့ အဲ့လိုဖြစ်လဲ ဆိုတာ အချက် ၂ ချက်ရှိပါတယ်။ ရွှေဟာ ကမ္ဘာ့ဈေးနှုန်းမှာ အတက်အကျ ရှိပေမဲ့ အတက်ကပိုများပါတယ်။ ကမ္ဘာ့ရွှေ ဟာ ၂၀၁၁ ခုနှစ်မှာ တစ်အောင်စကို ၁၅၇၆ ဒေါ်လာခန့်ရှိခဲ့ပေမဲ့ ၂၀၂၂ မှာ အခု ဒေါ်လာ ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ ကြားထဲမှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါသေးတယ်။ ရွှေရဲ့ အားသာချက်ပါ။
ဒေါ်လာကတော့ ငွေကြောင်းဖောင်းပွမှုနှုန်း (Inflation) နှစ်စဉ် ၂% ခန့်ရှိနေတာ သူ့အားနည်းချက်ပါပဲ။ နောက်တစ်ချက်က ရွှေကို နှစ်ဆယ်ချီ သိမ်းထားလဲ ဘာမှ ပြဿနာ မရှိပေမယ့် ဒေါ်လာကျတော့ ပျက်စီး လွယ်ပါတယ်။ လ ပိုင်း လောက်လဲ သိမ်းဖို့ လွယ်ပါတယ်။ နှစ်ချီ သိမ်းဖို့ မလွယ်ကူပါ။
နောက် ဒေါ်လာက အသစ် (Update series) တွေ ထွက်လာရင် အဟောင်း (old series) တွေ ရောင်းရနည်းနည်း ခက်ပါတယ် ။ ဒေါ်လာက ကားလိုဘဲ ၂၀၀၉ စီးရီး၊ ၂၀၁၃ စီးရီး၊ ၂၀၁၇ စီးရီး စသဖြင့်ရှိပါတယ်။ ကျနော်ကတော့ ရေတို ( ၃လ နဲ့ ၁နှစ်ကြား) ရော၊ ရေရှည် နှစ်ဆယ်ချီ ရွှေ ကို စုဆောင်း ရင်းနှီးမြှုပ်နှံတာက လက်တွေ့ကျကျ ပို ပြီး အများကြီး အကျိုး ဖြစ်ထွန်း စေမယ် လို့ ယူဆပါတယ် ခင်ဗျာ။ Soemin (ကမ္ဘာ့ရွှေသင်တန်း)