နှစ်ထောင်တန် သွားတိုက်ဆေးနဲ့ ဂျင်းထည့်သွားတဲ့ သိန်းရာချီခေါ်တဲ့ ကျောက်စိမ်း

သိန်းရာချီ၊ ထောင်ချီတန်တဲ့ ကျောက်စိမ်းတုံးပုံစံအဖြစ် ကျောက်သားထဲ သွားတိုက်ဆေးတွေ ထည့် ဖန်တီးထားတဲ့ ကျောက်တုံးတွေကို ကျောက်စိမ်းစျေးကွက်အတွင်း လိမ်လည်ရောင်းချမှုတွေရှိ နေတယ်လို့ ကျောက်စိမ်း ရောင်း၊ ဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ဂျင်းထည့်ရောင်းတာပေါ့။ မီးထောက်ရင် အရည်အပြည့်ပဲ။ မျက်မြင်ဝယ်သူတွေ ကိုယ်တိုင် ခံနေ ရတာ။ အခုက ဒီလို့ သွားတိုက်ဆေးတွေထည့် ကော်တွေနဲ့ပြန်ကပ်ပြီး ဂျင်းထည့်ရောင်းတာတွေ ပို များလာတော့ ကျောက်ရောင်း ဝယ်သူတွေ အထူးသတိထားသင့်တယ်။ ဒီကျောက်အတုက မန်းနေရာ ပိုသိသာတယ်။ ထုလိုက်ရင် အသံက ကွဲတယ်။”လို့ ရန်ကုန်မြို့တွင်း ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

အခုလို အရည်အသွေးကောင်းတဲ့ တန်ဖိုးကြီးကျောက်စိမ်းတုံးပုံစံ သွားတိုက်ဆေးတွေထည့်၊ ကော်ကပ်ဖန်တီး ထားတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကျပ် ၁၅ သိန်းပေးပြီး မျက်မြင်ဝယ်ယူခဲ့ သူ တစ်ဦးကလည်း ဝယ်ပြီးမှ ကျောက်စိမ်းအတုမှန်းသိခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ စက်တင်ဘာလ ၅ ရက်၊ ညပိုင်းက ရုပ်သံဖိုင်နဲ့အတူ ပြောထားတာတွေ့ရပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာဆိုရင် ဝယ်ထားတဲ့ ကျောက်စိမ်းအတုကို တူနဲ့ ခွဲပြခဲ့ပြီး ကျောက်သားထဲက အစိမ်းရောင် သွားတိုက်ဆေးတွေနဲ့အတူ ကျောက်ဖြတ်စတွေ၊ ကပ်ထားတဲ့ကော်တွေနဲ့ မြေကြီးတချို့ ထွက်ကျလာတာကို တွေ့ရပါတယ်။

“သွားတိုက်ဆေးနံ့က မွှေးနေတာပဲ။ ဗဟုသုတပေါ့ဗျာ။ ၁၅ သိန်းဖိုး ပညာရတာပေါ့။ အခွံတွေ ကအစ လုံးဝအတုပဲ။ သဘာဝအခွံကို မရှိဘူး။ ကော်ပေါ်မှာ သွားတိုက်ဆေးထည့်ပြီး မီးထောက်ရင် စိမ်းခံလေးကောင်း အောင်လုပ်ထားတာ။ ရူးတောင် ရူးသွားဦးမယ်။ သဘာဝတရားကြီးကို လွန်ဆန်ပြီး လုပ်ထား ကြတယ်။ အနီးကပ်ကိုယ်တိုင်ကြည့်ပြီး ဝယ်တာတောင် အဲလိုဖြစ်တယ်ဆိုတော့ အဝေးက နေ၊ ဖုန်းကနေတဆင့် ဝယ်တဲ့သူများ သတိထားကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ကျောက်အတုကို ခွဲပြ ခဲ့တဲ့ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူက သတိပေးထားပါတယ်။

ဒီနောက်ပိုင်း လူမှုကွန်ရက်ကနေတဆင့် ပိုစ့်တင်၊ လိုက်ဖ် လွှင့်ပြီး ကျောက်စိမ်း၊ ကျောက်သားရောင်း ချမှု၊ ရေမဆေးကျောက်ရောင်းချမှုတွေ တွင်ကျယ်လာသလို အလိမ်ခံရမှုတွေလည်း ပိုများလာနေတဲ့ အတွက် ဒီလိုအွန်လိုင်းက ရောင်းချမှုတွေကို ဝယ်ယူရာမှာ အထူးသတိထားကြဖို့၊ ဖြစ်နိုင်ရင် မျက်မြင် ဝယ်ကြဖို့ ကျောက်စိမ်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေက သတိပေးထားကြကို ခပ်စိပ်စိပ်တွေ့လာရ ပါတယ်။ လီလီ

ယခုလို ကာလမျိုးမှာ အတုလုပ်၊ ဂျင်းထည့်တဲ့သူတွေ များလာပြီး တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကိုတောင် ဂျင်းထည့်နေကြတော့ ကျောက်စိမ်းကဲ့သို့ တန်ဖိုးကြီး ပစ္စည်းများကို အဝေးက အရောင်းအဝယ်လုပ်သူများ အထူး သတိထား သင့်တယ်လို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page