သာစည်မြို့နယ်က လဝက ဝန်ထမ်းတွေ အကြီးအကျယ် လာဘ်စားနေတဲ့အကြောင်း ဖွင့်ချလိုက်ပြီ

စကစ လက်အောက်ခံ သာစည်မြို့နယ် လဝကရုံးဝန်ထမ်းတွေက ပြည်သူများထံ အဓမ္မငွေတောင်းခံနေတဲ့ အကြောင်းကို ဒေသခံတဦးက ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်ပါပြီ။ သတင်းအပြည့်အစုံကို အောက်မှာ ဖော်ပြ ထားပါတယ်-

သာစည်မြို့ လဝကရုံးမှ ဝန်ထမ်းများဟာ မှတ်ပုံတင် အိမ်ထောင်စုဇယား လာလုပ်သော ပြည်သူများထံမှ အဓမ္မငွေတောင်းခံလျက် ရှိတယ်လို့ နယ်ခံ ပြည်သူများထံကနေ သိရပါတယ်။

မှတ်ပုံတင် အသစ်လဲတာ၊ အိမ်ထောင်စုဇယား ရွှေ့တာပြောင်းတာကအစ ဘာလုပ်လုပ် အနည်ဆုံး တစ်သောင်းကျပ်မှ သိန်းချီထိတောင်းပါတယ်။ သူတို့တောင်းသလောက်မပေးလို့ကတော့ လုံးဝမလုပ်ပေးပါဘူး။

ရုံးလုပ်ငန်များကို ရုံးမှာမလုပ်ပဲ ရုံးနောက်ကျောက ရုံးဝန်ထမ်းအိမ် ကိုခင်မောင်သိန်းအိမ်မှာ ခေါ်ဆို လုပ်ပေးတယ်လို့ ပြောဆိုလာပါတယ်။ ငွေမပေးရင် လုံးဝလုပ်မပေးသောကြောင့် ကျေးလက်နေပြည်သူများမှာ ဒုက္ခရောက်လျှက်ရှိလို့ သက်ဆိုင်ရာက စစ်ဆေးအရေးယူပေးဖို့ သာစည်မြို့နယ်နေ ပြည်သူတဦးက တောင်းဆိုလိုက်ပါတယ်။

စကစက အာဏာသိမ်းပြီးနောက် စကစလက်အောက်ခံ ရုံးဌာနအားလုံးနီးပါးဟာ ရသမျှခွင်တွေမှာ လာဘ်ပေးလာဘ်ယူခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေကြတာကို တွေ့ရှိရပါတယ်။ စကစနဲ့ မကင်းနိုင်တဲ့ ပြည်သူတွေအနေနဲ့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ရုံးတွေ သွားရတဲ့အခါမှာ လာဘ်ပေးမှသာ အချိန်မီ ပြီးမြောက်နိုင်တာကို တွေ့ရပါတယ်။ လာဘ်ပေး လာဘ်ယူ အကျင့်ဆိုးကြီးကတော့ မြန်မာပြည်ကနေ လုံးဝ ပပျောက်သွားဖို့ အချိန်အတန်ကြာနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page