မြန်မာ့ဆောက်လုပ်ရေး လောကရဲ့ အကျည်းတန်တဲ့ ပြဿနာ တခု (ဒီလိုမျိုးတွေ ဆင်ခြင်သင့်ပါပြီ)

ဆောက်လုပ်ရေးလောကနှင့် ကွမ်းတံတွေးပြဿနာ (သို့မဟုတ်)လူ့ကျင့်၀တ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထူးသဖြင့် ကွမ်းစားကြတဲ့သူများတယ်။ အင်ဂျင်နီယာရော ကာယလုပ်သားတွေပါ ကွမ်းစားကြပါတယ်။ ဒီနေရာမှာ ကွမ်းစားတာက ပြဿနာ မဟုတ်ဘူး။ ကွမ်းတံတွေးကို ကြုံရာထွေးတာကပြဿနာပါ။

အဲဒီမှာ ကွန်ကရစ်ကို လက်နဲ့ဖျော်ရင် ဖျော်တဲ့ အထဲ ထွေးပါတယ်။ အဲတော့ ဘာဖြစ်လဲ ဘယ်သူမှ ဓာတ်မခွဲထားလို့ ဘာဖြစ်လဲ ပြောဖို့ခက်ပါတယ်။ ဒီတော့ ဒီနေရာမှာ ပြောစရာရှိတာက ကွန်ကရစ်ရဲ့ ရောစာတွေ သန့်ဖို့ အပြင် ရေပါသန့်မှ ကွန်ကရစ်ရဲ့ strength က ကောင်းတာပါလို့ ပြောရမှာကနေ ပြန်စရပါတယ်။

ဒီတော့ ကွမ်းတံတွေးက ဒီကွန်ကရစ်ကို Strength ထိစေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ပြောပ လောက်အောင် ဝိုင်းမထွေးကြလို့သာ ယနေ့ အထိ ဘာမှ မဖြစ်တာပါ။ ထွေးတဲ့ သူက ပတ် ခ နဲ ထွေးပြီး မွှေပစ်လိုက်တာဆိုတော့ ကွန်ကရစ်နဲ့ ရောသွားပြီး ဘာမှ မတွေ့ရတော့ဘူး။ တစ်ခါ ထွေးရင် တစ်ဂါလံ လောက်မှ မထွက်တာ။

မဆလာမှာတော့ သူက ပြဿနာရှိတယ်။ အဲဒါက ဘယ်လိုနေရာမှာလဲဆိုတော့ မဆလာကို အပုံလိုက်ကြီးဖျော်တဲ့ နေရာမှာတော့ သိပ်မသိသာပေမဲ့ ပလာစတာ ချောဖို့ ဗန်းထဲထည့်ထားတဲ့ အနေအထားမှာ ပန်းရံဆရာက ပတ် ခ နဲ ‌ထွေးလိုက်တယ်။ ပြီးရင် ဟိုမွှေ ဒီမွှေနဲ့ မွှေပြီး အဲဒီ မဆလာကို ပလာစတာ ချောလိုက်တယ် ရသေးတယ်။ ဘာမှ မဖြစ်ဘူး။ အိမ်မပြိုဘူး။ တိုက်မပြိုဘူး။ ကွမ်းတံတွေး သူရောသွားတာမှာ ကွမ်းဖတ် တွေပါသွားတယ်ဆိုရင်တော့…. ဘယ်လိုပြဿနာလဲဆိုတာ ကြာမှ ပေါ်ပါတယ်။

အိမ်တော့ မပြိုပါဘူး။ ဆေးသုတ်ထားတဲ့ နံရံတွေမှာ ဆေးတွေ အကွက်လိုက် မှိုတက်ပြီး ဆေးတွေ ကာလာပြောင်းသွားတာ မြင်ဖူးကြမှာပါ။ အဲလို ဖြစ်လာရင် ဆေးတွေအထပ်ထပ် သုတ်လည်းမရဘူး။ ဆေးတွေ ပြန်ခွါပြီး ပတ်တီးရိုက်လည်း ခဏပဲ။ ပြီး ပြန်ပေါ်တယ်။

ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ သဲမှာ အမှိုက်လေးတွေ၊ ဒုတ်စ၊သစ်ဆွေးစ လေးတွေ ပါသွားရင် အဲဒါလေးတွေက ကြာလာရင် နံရံထဲကိုသူတို့ရဲ့ အရောင်တွေကာလာ‌ေတွစိမ့်၀င်ပြီး နံရံမှာ ဆေးတွေ ကာလာ‌ပြောင်းပြီး ကွက်လာပါတယ်။ အဲဒီလိုပဲ အဲဒီ ကွမ်းတံတွေးထဲက ကွမ်းဖတ်တွေကလည်း ကြာလာရင်ဆွေးပြီး သူ့ ကာလာလေးတွေက ပလာစတာ ထဲ စိမ့်ပြီး ဆေးတွေ အရောင်ပြောင်းလာပါတယ်။

အဲဒီအခါ ဆေးတွေ နောက်ထပ် အကွက် အကွက်တွေ မဖြစ်အောင် ပလာစတာ ချောသားကို ခွါပစ်ရပါတယ်။ ပြီးရင် အသစ်ပြန်ချောပေးရပါတယ်။ နောက် တစ်ချက်က ရေ မသန့်ရင်၊ သဲ မသန့်ရင် မဆလာဆွေးတက်ပါတယ်။ အဲဒီတော့ ကွမ်းတံတွေးကြောင့်လည်း ရောစာ မသန့်ဖြစ်ပြီး မဆလာဆွေးနိုင်သလားလို့မေးရင်တော့ … မည်သူမှ နှစ်ရှည်လများ စောင့်ကြည့်တဲ့ အလုပ် မဟုတ်လို့ ဒါကိုတော့ သတိမထားမိပါဘူး။

နောက်ထပ်ပြောချင်တာက လူ့ကျင့်၀တ်ပေါ့။ ကွမ်းတံထွေးက ဘာဖြစ်လဲဆို ဘာမှတော့ ဖြစ်မသွားဘူး။ ဒါပေမဲ့ ဒီလောက်ရွံစရာကောင်းတဲ့ တံတွေးကို သူများ တစ်သက်လုံးနေဖို့ ဆောက်တဲ့ အဆောက်အဦးမှာတော့ အမှတ်တရ မထားခဲ့သင့်ဘူးလို့ မြင်ပါတယ်။ အိမ်ရှင်တွေ ဘယ်လိုစိတ်နဲ့ နေမလဲ မေးကြည့်ပါ။ မိမိ အိမ်သာဆိုရင်လို့တော့ မပြောလိုပါဘူး။

အဲလို လုပ်တဲ့သူက ကိုယ့်အိမ်ဆိုလည်း လုပ်မှာပါပဲ။ နှမ်းတစ်စေ့နဲ့တော့ ဆီ မဖြစ်ပါဘူး။ အဲဒီလိုတွေ ဟိုဟာနည်းနည်း ဒီဟာ နည်းနည်းနဲ့ အမှားတွေများလာရင်တော့ အရည် အသွေးကောင်းတဲ့ အဆောက်အဦးကို မရနိုင်ပါဘူး။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page