ပြည်တွင်းမှာ စက်သုံးဆီ လုံးဝ မပြတ်ဟု စကစပြော၊ ပိတ်ထားတဲ့ ဆီဆိုင်တွေ အကုန်ဖမ်းမည်ဟုဆို

ပြည်တွင်းမှာ စက်သုံးဆီတွေ ပြတ်လပ်တယ်ဆိုတာဟာ ကောလဟာလသာဖြစ်ပြီး ဆီကိုအကန့်အသတ်နဲ့ ဈေးတင်ရောင်းနေတဲ့ဆိုင်တွေကို အရေးယူဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်သုံးဆီကြီးကြပ်ရေးကော်မတီထံ အကြောင်းကြားတစ်စောင်ကို သြဂုတ် ၁၃ ရက်နေ့စွဲနဲ့ ပေးပို့ထားတယ်လို့ သိရပါတယ်။

မြို့ကြီးတချို့မှာ ဆီပြတ်လပ်မှုတွေကြောင့် တန်းစီဝယ်ယူနေရတာတွေဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက ပြည်တွင်းမှာ စက်သုံးဆီမပြတ်လပ်အောင် ဖြည့်တင်းဆောင်ရွက်ထားပြီး အချို့စက်သုံးဆီဆိုင်တွေက မိမိတို့အကျိုးစီးပွားအတွက် စက်သုံးဆီပြတ်လပ်နေသလို လက်ကျန်နည်းနေသလို ပြောဆိုပြီး ရောင်းချမှု ရပ်တန့်ထားတာ အကန့်အသတ်နဲ့ရောင်းချတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဆီပြတ်လပ်တယ်ဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူတွေမစိုးရိမ်ရအောင် အကန့်အသတ်နဲ့ ဈေးတင်ရောင်းချတဲ့ ဆီဆိုင်တွေကို အရေးယူတာတွေဆောင်ရွက်ပါလို့ စက်သုံးဆီကြီးကြပ်ရေကော်မတီထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင်တွေမှာ ရောင်းချမှုတွေ ရပ်တန့်ထားတာ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေကို ကြီးကြပ်စစ်ဆေးသွားမယ်လို့ သိရပြီး ရန်ကုန်ဈေးကွက်အတွင်း ဒီနေ့ သြဂုတ် ၁၅ ရက်နေ့အတွက် ၉၂ တစ်လီတာကို ၂၃၂၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၃၉၀ ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၂၆၅၅ ကျပ်ဈေးနှုန်းရှိတယ်လို့ စက်သုံးဆီကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆီမရောင်းတဲ့ ဆီဆိုင်တွေကို ဖမ်းမယ်လို့ ကြေညာထားပေမယ့် ဆီဆိုင်တွေကလည်း ရောင်းချစရာ ဆီ လုံးဝ မရှိကြောင်း ပြောပါတယ်။ “လာဖမ်းမယ်ဆိုလည်း လိုက်သွားရုံပါပဲ။ ကုမ္ပဏီကြီးတွေ ကိုယ်တိုင်က ရောင်းမပေးတော့ ကျွန်တော်တို့က ဘယ်လိုမှ မရောင်းနိုင်ပါဘူး။ ဓာတ်ဆီဆိုတာ တွင်းထဲက နှိုက်ထုတ်လို့ ရတာမှ မဟုတ်တာ” လို့ နယ်မြို့က တပိုင်တနိုင် စက်သုံးဆီ ရောင်းချသူတဦးက ပြောပါတယ်။

မန္တလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အခက်ခဲများစွာဖြစ်ပေါ်နေပြီး ပြင်ပပေါက်ဈေး တစ်လီတာ လေးထောင်ကျပ်ဝန်းကျင် အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့၌ ယနေ့ ဩဂုတ် ၁၅ရက်နေ့ထိ ကြိတ်ကြိတ်တိုး တန်းစီဝယ်ယူရသည့်အခြေနေမှာပင်ရှိနေပြီး စက်သုံးဆီရရှိရန် အခက်ခဲကြောင့် အချို့လုပ်ငန်းများ ရပ်နားခြင်း၊ တက္ကစီခ၊ Delivery ဈေးနှုန်းများတက်ခြင်း၊ အဝေးပြေးကားများ မထွက်တော့ဘဲ ရပ်နားခြင်း စသည့်အခက်ခဲများဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page