အင်ဂျင်နီယာတွေနဲ့ အိမ်ဆောက်ရင် ပိုက်ဆံပိုကုန်တယ်ဆိုတဲ့ ရွှေမြန်မာတို့ရဲ့ ဂျင်းအတွေးအခေါ်
မုန်တိုင်း ကမြန်မာကို ၂၂ ရက်နေ့နောက်ပိုင်းဖြတ်မယ်။ လေတိုက်မယ် ၊ မိုးအရမ်းရွာလို့ရေတက်နိုင်ပါတယ်။ ဒါနဲ့ လေတိုက်တဲ့အခါထိခိုက်ပျက်စီးမှုများနိုင်တဲ့ Structure များဟာ များသောအားဖြင့် အလေးချိန်ပေါ့ပါတယ်။ မြင်သာတဲ့ဥပမာပြောရရင် Billboard တွေပါ။ တလောကတောင် Billboard တစ်ခုစောင်းသွားတဲ့ပုံမြင်လိုက်ရပါသေးတယ်။ နောက်တစ်ခုက Steel Warehouse တွေနဲ့ Steel Structure လူနေအိမ်တွေပါ။ သတိထားရပါ့မယ်။
ဒီနေရာမှာတစ်ခုလေးပြောချင်ပါတယ်။ ပိုင်ရှင်တွေအနေနဲ့ပြောတာ ကျနော်ကြားဖူးပါတယ်။ အင်ဂျင်နီယာတွေနဲ့ လုပ်ရင်ပိုကုန်တယ်ဆိုတာ.. တို့ဘာသာလုပ်နေကျ ပန်းရန် ၊သံသမားခေါ်လုပ်လိုက်တာ အဲ့လောက်မကုန်ဖူးတဲ့ ။ အဲကိုယ့်လူတို့ အင်ဂျင်နီယာတွေပြောသလို ပြိုလဲမသွားပါဖူးဆိုတာ။
အဲ့ကိစ္စရှင်းပါ့မယ်။ ကျနော်တို့သာမန်အဆောက်အဦးတစ်ခုရဲ့ အသုံးပြုလို့ရတဲ့နှစ်ကို နှစ်၅၀ လို့သတ်မှတ်ပါတယ်။ နှစ် ၅၀ အတွင်းမှာ ကိုယ့်အဆောက်အဦးရဲ့ ခိုင်ခံ့မှု ၊ အသုံးပြုလို့အဆင်ပြေမှု (ပြိုတော့မကျဖူး ယက်မကြီးကကွေးကွေးကြီး) ၊ တောင့်တင်းမှု ၊ တည်ငြိမ်မှု စတာတွေကိုတွက်ဆထားပါတယ်။
ဆိုပါစို့ ကျနော်က ဆန်အိတ်တစ်အိတ်ကို ထမ်းနိုင်တယ်။ ဒါပေမယ့်နောက် ၁၀ မိနစ်ကြာတော့ ကျနော်ဒူးတွေတုန်လာပါပြီ ။ ဘာကြောင့်လဲ ။ ကျနော်ထမ်းနေရတဲ့ ဆန်အိတ်ကဝန်က မတိုးလာပါဖူး။ ဒါပေမယ့် ကျနော်က ညောင်းလာတာပါ။ ဒါကို Creep လို့ဆိုပါတယ်။ အင်ဂျင်နီယာဟာ အဖက်ဖက်က စဥ်းစားရပါတယ်။
အခုလိုမုန်တိုင်းလာရင် အဆောက်အဦးတွေမှာ သက်ရောက်တဲ့အားတွေက တက်လာပါတယ်။ ဘေးကတွန်းလို့ သက်ရောက်တဲ့အားတက်လာတာ သိလိုရင်တော့ မတ်တက်ရပ် ခြေထောက်လေးနဲနဲကားပြီး ပုခုံးကနေ ဘေးတိုက်လူတစ်ယောက်ကို တွန်းခိုင်းကြည့်ပါ။
တွန်းခံရတဲ့ဖက်ကခြေထောက်ဟာ ကြွလာပြီးပေါ့လာသလိုခံစားရပြီး ကျန်တစ်ဖက်ကပိုလေးလာပါတယ်။ ဒါဟာ Overturning Moment ကြောင့် ဖြစ်လာတာပါ။ ဒီလိုပိုလာတဲ့အဖြစ်ဟာ နှစ် ၅၀ မှာမှတစ်ခါဖြစ်ချင်မှဖြစ်မှာပါ။(Probability ဖြစ်တန်စွမ်းအရ)
ဒါပေမယ့်ဘယ်အချိန်ဖြစ်မလဲလဲ ကျနော်တို့မပြောနိုင်ပါဖူး။ ကျနော်တို့ Steel Structure တွေ Design လုပ်တဲ့အခါ ရန်ကုန်မှာဆိုရင် တစ်နာရီလေတိုက်နှုန်း မိုင်၁၀၀ ခံနိုင်အောင် Design လုပ်ပေးထါးတာချည်းပါပဲ။ နဲနဲအရပ်ထဲမြင်နေကျထက်တော့ကြီးပါမယ်။ သို့သော်အတော်လေးစိတ်ချရပါတယ်။
လူတွေ ဘာ့ကြောင့်ကားအသစ်ဝယ်စီးကြသလဲ အဓိကကတော့ စိတ်ချရတယ် Warrenty ရှိတယ်ဆိုတဲ့ အာမခံချက်ရှိလို့လို့ ကျနော်မြင်ပါတယ်။ အခုလဲ Design သေချာလုပ်ထားတဲ့ အဆောက်အဦးမှာနေရတဲ့ခံစားချက်ဟာ လုံခြုံမှုကိုပေးနိုင်လို့ ကိုယ့်အလုပ်ကိုကိုယ် အာရုံပိုစိုက်နိုင်ပါတယ်။
ရေရှည်ပြန်တွေးရင်လဲ ကနဦးမှာ ပိုအကုန်ခံလိုက်တာဟာ ကိုယ့်အသက်အတွက်ရော ၊ ပျက်စီးဆုံးရှုံးမှုအတွက် ပြန်ကုန်မယ့် အဖိုးအခနဲ့ တွက်လိုက်ရင် ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဖူးလို့။ Eng.Kyaw Thu Naing , KTN Myanmar Co.,ltd