နတ်ကနားပွဲနဲ့ တူနေတဲ့ မြန်မာပြည်ကားလေလံနဲ့ ဝေစား မျှစား ပေါင်းစား ယဉ်ကျေးမှု

လေလံပစ်မယ်လို့ သတင်းထွက်ရုံပဲ ရှိသေးတယ် ဆွဲပြီးတဲ့သူက ဆွဲပြီးနေပြီ။ တစ်ခါက ပိုက်ဆံဝါးလားတစ်ယောက်ရဲ့ အိမ်တွင်းနတ်ကနားပွဲမှာ အသိတွေဖိတ်တော့ အားနာလို့ ရောက်သွားတယ်။

ဘလူးလေဘယ်လ်အစစ်တွေချည်းနဲ့ အမြည်းတွေကလည်း ကျောက်ပုဇွန်ကြီးတွေ၊ ရေဘဝဲကင်ကြီးတွေ၊ ရေကင်းအကြီးတွေဆိုတော့ ကိုကြီးကျော်နဲ့ မင်းကြီး မင်းလေးဝင်တိုင်း ဘလူးနဲ့ အမြည်းလေးများ အုပ်ရလို အုပ်ရငြား ရှေ့တိုးပြီး သွားထိုင်စောင့်နေတယ်။

သုံးရက်သာ ပြည့်သွားရော ကနားစီးက ဘလူးနဲ့ အမြည်းတွေကို သူနဲ့ ရင်းနှီးတဲ့သူတွေကိုသာ ပေးပစ်တာ၊ ကိုယ့်နောက် နှစ်တန်းကျော်က လူတွေတောင် အမြဲရတယ်။

အဲ့ဒါနဲ့ သုံးရက်ပြည့်တော့ မသွားတော့ဘူး။ ခုနှစ်ရက်ပြည့်အောင် သွားစောင့်နေလည်း ကနားစီးက အသိမဟုတ်တော့ ဘလူးနဲ့ အမြည်းမရမှာ သေချာတယ်။

မြန်မာပြည်ကြီးမှာက နတ်ပွဲမှာတောင် အသိမဟုတ် လူရင်းမဟုတ်ရင် အရိုးအရင်းလေးတောင် မကိုက်ရဘူး… ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page