မြေကြီးအောက်မှာ ငရဲပြည်မရှိတဲ့ ကမ္ဘာကြီးနဲ့ ငလျင်လှုပ်ရခြင်း အကြောင်းရင်း

ကမ္ဘာ့ ​ကျောက်လွှာချပ်ကြီးများ၊ ကျ​နော်တို့ လူသား​တွေဟာ ကမ္ဘာ​မြေကြီး​အပေါ် (ကမ္ဘာ့​လေထုရဲ့​အောက်) မှာ ရှင်သန်​နေထိုင်ကြတဲ့ ဇီဝသက်ရှိများပဲဖြစ်ပါတယ်။ ကျ​နော်တို့ မမြင်ရတဲ့ ကမ္ဘာ​မြေကြီးရဲ့​အောက်ထဲမှာ​တော့.. အင်မတန်ပူပြင်းပြီး ​ပြောင်းလဲလှုပ်ရှားမှု​တွေ ပြင်းထန်တဲ့ ကမ္ဘာ့အတွင်းပိုင်း ​ကျောက်သား၊ ​ကျောက်ရည်ပူ​တွေ ရှိ​နေပါတယ်။ ဒီ​နေရာ​တွေကို အလွှာလိုက်ခွဲခြားပြီး သိပ္ပံပညာရှင်များ ​လေ့လာ​တွေ့ရှိ​ဖော်ထုတ်ကာ အ​​ခြေခံပညာ ပထဝီ နဲ့ သိပ္ပံဘာသာရပ်​တွေမှာ သင်ကြားကြပါတယ်။

အတွင်းဆုံးကျတဲ့ ​နေရာမှာ ​နေရဲ့ မျက်နှာပြင်အပူချိန်နဲ့ တူညီ​သော အတွင်းအနှစ်ပိုင်း (Core) ရှိပါတယ်။ သံ၊ နီကယ်တို့ အဓိကပါဝင်ပြီး သိပ်သည်း​လေးလံလွန်းလို့ အစိုင်အခဲ (ချပ်ခဲ) ပုံစံအဖြစ် တည်ရှိပါတယ်။ အနှစ်ပိုင်းရဲ့ အ​ပေါ်က ခြုံလွှာ (တနည်း) ကြားလွှာ (Mantle) မှာ​တော့ ​ကျောက်ရည်ပူ​တွေ များစွာ ​ရွေ့လျားစီးဆင်း ​နေကြပါတယ်။ မီးဖို​ပေါ်က ​ရေ​နွေးအိုးတစ်ခုလိုပါပဲ။ ​အောက်ကအပူ​ကြောင့် ထက်​အောက်လှည့်လည်ပြီး အပူစီးကူးကြပါတယ်။

ထိုကြားလွှာရဲ့ အ​ပေါ်မှာ​တော့.. မာ​ကျော​သော ​ကျောက်လွှာ (Lithosphere) ရှိပြီး ပင်လယ်၊ သမုဒ္ဒရာ နဲ့ ကျ​နော်တို့ ​နေထိုင်တဲ့ ​မြေပြင်၊ ​တောင်တန်း​တွေ ရှိကြပါတယ်။ ​ကျောက်လွှာ (Lithosphere) ဟာ စင်းလုံး​ချောတစ်ခု မဟုတ်ပဲ ပပ်ကြားအက်​ကြောင်း​တွေနဲ့ အစိတ်အပိုင်း​တွေကွဲပြီး တစ်ခုနှင့်တစ်ခု ထိစပ်​နေကြတာ ဖြစ်ပါတယ်။ ထို အစိတ်အပိုင်း​တွေကို ​ကျောက်လွှာချပ် (Tectonic plates) ​တွေလို့ ​ခေါ်ပါတယ်။

ထိုအစိတ်အပိုင်း (​ကျောက်လွှာချပ်) များဟာ ​​အောက်ခံ ကြားလွှာမှာရှိတဲ့ ​​ကျောက်ရည်ပူတွေ (အပူစီးကူးခြင်း​ကြောင့်) ​ရွေ့လျားတွန်းကန်ရာမှ.. လှုပ်ရှား​ပြောင်းလဲခြင်းများ ဖြစ်​ပေါ်တတ်ကြပါတယ်။

ထိုသို့ လှုပ်ရှားခြင်းကို ငလျင်လှုပ်ခြင်း (Earthquake) လို့ သတ်မှတ်ပြီး လှုပ်ရှား​ပြောင်းလဲမှုများကြောင့်.. ​မြေမျက်နှာပြင် သွင်ပြင်များလည်း ​ပြောင်းလဲတတ်ပါတယ်။

ဥပမာ.. ​ကျောက်လွှာ​တွေ တစ်ခုနှင့်တစ်ခု ချဉ်းဝင် (ပူးထပ်) (Convergent) ဖြစ်ကြတဲ့အခါ (လွှာတွန့်) ​တောင်​တွေ ဖြစ်လာကြပါတယ်။ ​ကျောက်လွှာ​တွေ ခွဲထွက် (ကွဲအက်) (Divergent) ဖြစ်ကြတဲ့အခါ ချိုင့်ဝှမ်း​တွေ ဖြစ်လာကြပြီး အနိမ့်ပိုင်းထဲကို ​ရေ​တွေ ဝင်​ရောက်စီးဆင်းကြတဲ့အခါ မြစ်၊ ​ချောင်း၊ အင်း၊ အိုင်​တွေ ဖြစ်လာကြပါတယ်။ တခါ.. ​ဘေးတိုက် ပွတ်တိုက် ​ရွေ့လျားခြင်း (Transform) ဖြစ်ကြတဲ့အခါ ပြတ်​ရွေ့​ကြောင်း​တွေ ဖြစ်လာကြပါတယ်။

Divergent ကွဲထွက်ခြင်း​ကြောင့် ​ကျောက်ရည်ပူ​တွေ အက်ကွဲ​ကြောင်းတ​လျောက် စု​ဝေးတက်လာကြတဲ့အခါ မီး​တောင်​ပေါက်ကွဲခြင်း​တွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်​နေတဲ့ ​ကျောက်လွှာချပ်ကို Burma (micro) plate လို့ သတ်မှတ်ထားပြီး အက်ဒီမန် ပင်လယ်ထဲမှာ ရှိပါတယ်။ Ring of fire လို့​ခေါ်တဲ့ မီး​တောင်ပတ်လမ်း (ပစိဖိတ်) နှင့် တွဲဆက်​နေပါတယ်။ တနည်းအားဖြင့်.. လှုပ်ရှားကွဲထွက်​နေတဲ့. ​ကျောက်လွှာချပ်ငယ် တစ်ခုပဲ ဖြစ်ပါ​တော့တယ်..။ အနာဂတ်ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page